♪ “၂၀၁၇ ခုနှစ်၊ ဒုတိယကွာတားမှာရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ iPhone 7 နဲ့ iPhone 7 Plus” ♫

Image may contain: phone

ယခုနှစ် ဒုတိယကွာတားဖြစ်တဲ့ ဧပြီလကနေဇွန်လအတွင်းမှာ ကမ္ဘာအ၀န်း ရောင်းချခဲ့ရတဲ့ စမတ်ဖုန်းစာရင်းကို သုတေသနအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ Strategy Analytics က ပြုစုခဲ့ပါတယ်။ စစ်တမ်းမှာApple iPhone 7 နဲ့ iPhone 7 Plus တို့ဟာရောင်းအားအကောင်းဆုံးစမတ်ဖုန်းစာရင်းမှာ ထိပ်ဆုံး ၂ နေရာတွင်အသီးသီးရပ်တည်နေတယ်ဆိုတာကို ဖော်ပြထား ပါတယ်

တတိယနဲ့ စတုတ္ထနေရာမှာSamsung Galaxy S8 နဲ့ Galaxy S8 Plus တို့ကအသီးသီးရပ်တည်နေ ပါတယ်။ XiaomiRedmi 4A ဟာကမ္ဘာအ၀န်းမှာ အလုံးရေ ၅.၅ သန်းရောင်းချခဲ့ရပြီးနံပါတ် ၅ နေရာ မှာတည်ရှိနေပါတယ်။ ယူရို ၁၀၀ လောက်သာတန်ကြေးရှိတဲ့ တန်ဖိုးနည်း XiaomiRedmi 4A ဟာစွမ်းဆောင်ရည်မြင့် တန်ဖိုးကြီး Apple, Samsung တို့ရဲ့ စမတ်ဖုန်းများရဲ့ နောက်မှာကပ်လျပ်ရပ်တည်နေတာကထူးဆန်းပါတယ်။ကွာတား ၂ တွင် ကမ္ဘာအ၀န်းမှာ ရောင်းချ ခဲ့ရတဲ့ စမတ်ဖုန်းစုစုပေါင်းဟာသန်း ၃၆၀ ဖြစ်ပါတယ်။

iPhone 7 ဟာဒုတိယ ကွာတားမှာ ကမ္ဘာအ၀န်း ရောင်းချရတဲ့ စမတ်ဖုန်း အားလုံးရဲ့ ၄.၇ ရာခိုင်နှုန်းဖြစ်တဲ့ အလုံးရေ ၁၆.၉ သန်းကိုရောင်းချခဲ့ရပါတယ်။ iPhone 7 Plus ကို ၁၅.၁ သန်းရောင်းချခဲ့ရပြီး ဈေးကွက်ဝေစု ၄.၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ ဧပြီလမှာစတင် ရောင်းချခဲ့တဲ့ Galaxy S8 နဲ့ Galaxy S8 Plus တို့ကို ၁၀.၂ သန်းနဲ့ ၉ သန်းအသီးသီးရောင်းချနိုင်ခဲ့ပါတယ်။ Xiaomi Redmi 4A ကတော့ ဈေးကွက်ဝေစု ၁.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပါတယ်။ Xiaomi ဟာ အိန္ဒိယမှာလည်း ဒုတိယရောင်းအားအကောင်းဆုံးစမတ်ဖုန်း ထုတ်လုပ်သူ ဖြစ်လာပါတယ်။


Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment