♪ Selfie ချစ်သူတွေအတွက် အထူးထုတ်လုပ်ပေးထားတဲ့ " vivo V5 Plus " ♫

Image may contain: phone

အခုတစ်ခါမှာတော့ Selfie ချစ်သူတွေအတွက် အထူးထုတ်လုပ်ပေးထားတဲ့ vivo V5 Plus နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၄င်းဟာ အလွန်ကောင်းမွန်တဲ့ Selfie Centric ဖုန်းအမျိုးအစားဖြစ်ပြီး 2017 နှစ်စလောက်ကတည်းက ထုတ်လုပ်ထားခဲ့တာဖြစ်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ Specs တွေနဲ့ Features တွေက အကောင်းစားတွေပဲမို့ သုံးစွဲရတာ အဆင်ပြေပြီး ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်မှုလည်း ရှိပါတယ်။ ကုမ္ပဏီရဲ့ ပထမဆုံးထုတ်လုပ်တဲ့ Dual Front Camera စနစ်ပါရှိတဲ့ အဆင့်မြင့်စမတ်ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒါကြောင့် အရှေ့ဘက်ကင်မရာအစွမ်းက အံ့မခန်းလောက်အောင် ကောင်းမွန်ပါတယ်။ ဒါ့အပြင် အသံစွမ်းရည် ကလည်း ဘာမှပြောစရာမလိုလောက်အောင် အရည်အသွေးမြင့်မားပြီး မျက်နှာပြင်ပေါ်မှာ Eye Protection Mode ပါရှိလို့ စာဖတ်ရတာလည်း အဆင်ပြေပါတယ်။ ၄င်းကို GSM, HSPA နဲ့ LTE networks တွေမှာ သုံးနိုင်ပြီး Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ၄င်းမှာ MicroUSB 2.0 စနစ် ပါရှိပြီး Bluetooth စနစ်ကတော့ 4.2, A2DP နဲ့ LE ဖြစ်ပါတယ်။

Design & Build
>>>>><<<<<

ဒီဇိုင်းပုံစံက သေသပ်လှပပြီး ကိုယ်ထည်ရဲ့ အချို့နေရာတွေ တော်တော်များများက iPhone 7 နဲ့ တော်တော်လေးကို ဆင်တူပြီး အထူးသဖြင့် နောက်ကျောဘက်မှာပါရှိတဲ့ အင်တာနာလိုင်းတွေပဲ ဖြစ်ပါတယ်။ နောက်ကျောဘက်ကို သတ္တုနဲ့ပြုလုပ်ထားပြီး ထောင့်စွန်းလေးတွေက အဝိုင်းပုံစံရှိပါတယ်။ တည်ဆောက်ရာမှာ သုံးထားတဲ့ hardware ပစ္စည်းတွေကလည်း အကြမ်းခံပြီး ပေါ့ပါးမှုလည်း ရှိပါတယ်။ Frame က ပါးလွှာကျစ်လျစ်ပြီး ဘေး 2 ဘက်လုံးရဲ့ bezel ကလည်း ကျဉ်းပါတယ်။ ဖုန်းအရွယ်အစားက 152.6 x 74 x 7.3 mm ဖြစ်ပြီး အလေးချိန်က 158.6g လေးပါတယ်။ အရှေ့ဘက်မျက်နှာပြင်က ရှင်းလင်းတောက်ပပြီး အောက်ခြေ Home button မှာ Fingerprint sensor ကို ထည့်သွင်းထားပါတယ်။ နောက်ကျောဘက်ရဲ့ ဘယ်ဘက်ထောင့်မှာ အနောက်ကင်မရာတည်ရှိပြီး ပါဝါခလုတ်နဲ့ အသံအတိုးအကျယ်ခလုတ်တွေက ညာဘက် ဘေးဘောင်မှာ ရှိပါတယ်။ အောက်ခြေမှာတော့ စပီကာ၊ ငြခမသ Micro USB Port နဲ့ 3.5 mm jack port တွေကို တပ်ဆင်ပေးထားတာကို တွေ့ရပါတယ်။ လိုက်ဖက်ညီတဲ့ တည်ငြိမ်တဲ့ မီးခိုးရောင်နဲ့ လှပတောက်ပြောင်တဲ့ ရွှေရောင်ဆိုတဲ့ အရောင် 2 မျိုးကို ထုတ်လုပ်ပေးထားပါတယ်။

Display
>>>>><<<<<

မျက်နှာပြင်က 5 လက်မခွဲအကျယ်ရှိပြီး IPS LCD capacitive touchscreen (16M colors) display အမျိုး အစားနဲ့ ပြုလုပ်ထားပါတယ်။ မျက်နှာပြင်က 1080 x 1920 pixels ရှိတဲ့ မြင်ကွင်းစွမ်းအားတွေကို ပြသပေး နိုင်ပြီး 1 လက်မမှာရရှိမယ့် သိပ်သည်းဆကတော့ ~401 ppi pixels ဖြစ်ပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ် မှာလည်း multitouch စနစ်ကို ထောက်ပံ့ထားပါသေးတယ်။

Operating System and Camera
>>>>><<<<<

အထဲမှာတော့ Android 6.0 (Marshmallow) ကို run ထားပြီး Funtouch OS 3.0 user interface ကို အသုံးပြုထားပါတယ်။ အနောက်ကင်မရာက 16MP, f/2.0 aperture စွမ်းအားရှိပြီး အရှေ့ကင်မရာကတော့ dual 20MP + 8MP ရှိပြီး f/2.0 aperture စွမ်အားကို ထောက်ပံ့ပေးနိုင်တာကြောင့် အကောင်းဆုံးနဲ့ အလှပဆုံး Selfie ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် Video calls တွေကိုလည်း အဆင် ပြေပြေ ပြုလုပ်နိုင်ပါတယ်။

Performance
>>>>><<<<<

လုပ်ဆောင်ချက်စွမ်းအားပိုင်းမှာလည်း တိကျမြန်ဆန်မှုရှိအောင် Qual-comm MSM8953 Snapdragon 625 chipset နဲ့ Octa-core 2.0GHz Cortex-A53 processor တို့ကို ထည့်သွင်းပေးထားပါတယ်။ ယာယီမှတ်ဥာဏ် စွမ်းအားပိုင်းမှာလည်း RAM 4GB တောင်ပါရှိတဲ့အတွက် သုံးစွဲရတာ အဆင်ပြေပါတယ်။ ဒါ့အပြင် Adreno 506 GPU ကြောင့် ရုပ်ထွက်ပိုင်းလည်း ကောင်းမွန်ပါတယ်။

Battery
>>>>><<<<<

vivo V5 Plus ရဲ့ ဘက်ထရီစွမ်းအားအနေနဲ့တော့ Non-removable Li-Ion 3160mAh battery ကို ထည့်သွင်းထားတဲ့အပြင် Fast Battery Charging စနစ်လည်း ပါရှိလို့ ဖုန်းအားသွင်းရတာ အလွန်မြန်ဆန်ပါတယ်။

Specification
>>>>><<<<<

Display : 5.5 inches, IPS LCD capacitive touchscreen
Memory : 64 GB, 4 GB RAM
Camera : 16 MP, f/2.0, phase detection autofocus, LED flash OS : Android 6.0 (Marshmallow)
Phone : 09-455209100 (UNiQUE)



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment