♪ Google Maps အတွက် အသုံးဝင် Tips (၅) ခု ♫


Google Maps ဟာ Navigation , Street View များပါတဲ့ မြေပုံတစ်ခုထက် ပိုတဲ့ App ဖြစ်ပါတယ်။ သူ့ရဲ့ မြေပုံ ၀န်ဆောင်မှုမှာ User သန်းပေါင်းများစွာမှ ဒေတာ မြောက်များစွာ စုဆောင်းထားပြီး အပြင်သွားတဲ့ အခါ၊ ခရီးသွားတဲ့ အခါမှာ သင့်ကို အထောက်အကူများစွာ ပေးနိုင်ပါတယ်။ သင့်ရဲ့ နေ့စဉ် လူနေမှုဘ၀မှာ အထောက်အကူ ရစေမယ့် Tips များကို အောက်မှာ ဖော်ပြလိုက်ပါတယ်။

သင် ရောက်ရှိမယ့် အချိန်ကို သူငယ်ချင်းထံ ပေးပို့ပါ။

သင့် သူငယ်ချင်းထံ ကားမောင်းသွားမယ်ဆိုရင် သင် ရောက်ရှိမယ့် အချိန်ကို Google Map က တွက်ချက်ပေးနိုင်ပါတယ်။ အဲဒီအတွက် အန္တရာယ်များတဲ့ ကားမောင်းနေစဉ် ဖုန်းဆက် အကြောင်းကြားခြင်းလို အခြေအနေကို ရှောင်လွှဲနိုင်မှာဖြစ်ပါတယ်။

Navigation Display ရဲ့ အောက်ခြေမှ Remaining Time ကို နှိပ်ပြီး Share trip ကို နှိပ်ပါ။ သင့် Address Book ကနေ သူငယ်ချင်းကို ရွေးချယ်ပေးပါ။ ဒါဆိုရင် သူငယ်ချင်းက သင့်ရဲ့ တည်နေရာနဲ့ သင်ရောက်မယ့် အချိန်ကို မြေပုံမှာ အချိန်နဲ့တစ်ပြေးညီ သိနိုင်ပါတယ်။ Google က သင်သွားမယ့် လမ်းကြောင်းမှ ယာဉ်ကြော အခြေအနေများကိုပါ ထည့်သွင်း၍ သင်ရောက်မယ့် အချိန်ကို တွက်ချက်ပေး ပါတယ်။

သွားမယ့် လမ်းကြောင်းများကို သူငယ်ချင်းနဲ့ မျှဝေပါ။

ခရီးတစ်ခု ၊ တည်နေရာ တစ်ခုကို သွားဖို့ သင့် သူငယ်ချင်းများနဲ့ သွားမယ့် လမ်းကြောင်းများကို အတူတကွ စီစဉ်ချင်တယ်ဆိုပါစို့။ Google Maps က စမတ်ဖုန်း၊ ကွန်ပြူတာများကနေ သွားမယ့် လမ်းကြောင်းများကို စီစဉ်ပေးနိုင်ပါတယ်။ အဲဒီ လမ်းကြောင်းများကို သူငယ်ချင်းများနဲ့ မျှဝေနိုင်ပါတယ်။

တည်နေရာများ ထည့်သွင်းဖို့အတွက် Input Bar ရဲ့ ညာဘက်မှ အစက်သုံးစက်ကို နှိပ်ပြီး Add Stop ကို နှိပ်ပါ။ တည်နေရာများ ထည့်သွင်းပြီးရင် Share Directions ကို နှိပ်ပါ။ နှစ်သက်တဲ့ App ကို ရွေးချယ်ပေးပြီးလင့်ကို သူငယ်ချင်းများထံ ပေးပို့ပါ။

သင် လည်ပတ်ဖူးတဲ့ တည်နေရာများကို မျှဝေပါ။

သင့် သူငယ်ချင်းထံ သင်သွားဖူးတဲ့ တည်နေရာများကို မျှဝေချင်ရင် Google Maps ကို အသုံးပြုနိုင်ပါတယ်။ အရင်ဆုံး Google Maps မှာ သင်ရောက်ဖူးတဲ့ တည်နေရာများ၊ စားသောက်ဆိုင်များကို Save လုပ်ပါ။ ပြီးရင် Main Menu>Your Places>Saved ထဲသွားပါ။ Menu ကနေ Sharing option ကို နှိပ်ပါ။ ဒါဆိုရင် သင်နှစ်သက်တဲ့ App ကနေ သူငယ်ချင်းထံ လင့်ကို ပေးပို့နိုင်ပါတယ်။

Compass ကို ပြင်ဆင်ပါ။

Google Maps ရဲ့ Compass ဟာ တစ်ခါတစ်လေ ကြောင်နေတတ်ပါတယ်။ Compass အိုင်ကွန် အစား အပြာရောင် ပိုက်ပုံသဏ္ဍာန်ကို မြင်ရရင်တော့ သင်ဟာ ဒီပြဿနာကို ရင်ဆိုင်နေရပါတယ်။ ဒါကို ပြင်ဆင်ဖို့အတွက် 8 ပုံသဏ္ဍာန် မျဉ်းကြောင်းအတိုင်း လက်ဖြင့် ဆွဲပေးပါ။ Maps Assistant က အလိုအလျှောက် Compass ကို ပြင်ဆင်ပေးမှာ ဖြစ်ပါတယ်။

အချိန်မီရောက်အောင် သွားပါ။

အရေးကြီး အစည်းအဝေးတစ်ခု၊ ချိန်းဆိုမှုတစ်ခုအတွက် အချိန်မီ ရောက်စေဖို့ Google Maps နဲ့ Google Calendar ကို တွဲဖက် အသုံးပြုနိုင်ပါတယ်။ Google Calendar မှာ အစည်းအဝေး အချိန်ကို သတ်မှတ်တဲ့ အခါမှာ တည်နေရာ လိပ်စာကိုပါ ထည့်သွင်းပေးပါ။ ဒါဆိုရင် Google Assistant or Google Now တို့က အဲဒီ ဒေတာကို သင့် စမတ်ဖုန်း၊ စမတ်နာရီများမှ Calendar နဲ့ Maps များမှာ Sync လုပ်ပေးမှာ ဖြစ်ပါတယ်။
ဒါဆိုရင် သင့် Android Wear စမတ်နာရီမှာ ချိန်းဆိုထားမှုအချိန် မရောက်ခင် သတိပေးမှာပါ။ သင့်ရဲ့ စမတ်ဖုန်းမှာ သွားမယ့် တည်နေရာအတွက် အကောင်းဆုံး လမ်းကြောင်းများကို မြေပုံမှာ ပြသပေး မှာ ဖြစ်ပါတယ်။ အဲဒီနေ့မှာ ယာဉ်ကြော ပိတ်ဆို့မှုများနေရင် ဥာဏ်ရည်တု နည်းပညာက သင် အိမ်ကနေ စောစောထွက်ဖို့ သတိပေးနိုင်ပါတယ်။

အလုပ်သွားရမယ့် အချိန်နဲ့ တည်နေရာကို ထည့်သွင်းထားရင် Google Maps က အလုပ်သွားသင့်တဲ့ အကောင်းဆုံး လမ်းများကို နေ့စဉ် အကြံပြုပေးမှာ ဖြစ်ပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment