♪ “ကွဲသွားတဲ့စမတ်ဖုန်းစကရင်ကိုအလိုအလျှောက်ကုစားနိုင်တဲ့ Motorola ရဲ့ နည်းပညာ” ♫

Image may contain: phone

LG က G Flex စမတ်ဖုန်းမှာ ခြစ်ရာများကို အလိုအလျှောက် ပျောက်ကင်း အောင် ကုစားနိုင်တဲ့ နည်းပညာကို ထည့်သွင်းပေးခဲ့ဖူးပါတယ်။ Motorola ကတော့ ကွဲအက်သွားတဲ့ စမတ်ဖုန်း စကရင်ကို အလိုအလျှောက် ပြန်ဆက်သွားစေမယ့် နည်းပညာကို တီထွင်နေပါတယ်။ ကုမ္ပဏီက အဲဒီ နည်းပညာ Patent တစ်ခုကို မှတ်ပုံတင်ထားပါတယ်။ 

သူရဲ့နည်းပညာကစမတ်ဖုန်းစကရင်ဟာကွဲအက်ခြင်းလိုအပြစ်အနာအဆာများကိုကိုယ်တိုင်ရှာဖွေပြီးအကောင်းအတိုင်း ပြန်ဖြစ်သွားအောင် ကုစားနိုင်ပါတယ်။ ဒါ့အပြင်ဖုန်းပိုင်ရှင်ကကွဲအက်သွားတဲ့စကရင် တည်နေရာ ကိုညွှန်ပြခြင်းဖြင့်ကွဲအက်ခြင်းကိုကုစားနိုင်ပါတယ်။ဒီလို ကုစားနိုင်ဖို့အတွက် စမတ်ဖုန်း အတွင်းပိုင်းမှ အပူချိန်ကို ရယူအသုံးပြုခြင်း ဖြစ်တယ်လို့ သိရပါတယ်။ 

လက်ရှိမှာတော့ Motorola ရဲ့ နည်းပညာဟာ အသွေးအမွှား ကွဲအက်ခြင်း များကို အလိုအလျှောက် ကုစားပေးနိုင်ပေမယ့် အလွန် ကြီးမားစွာ ကွဲအက်ခြင်းများကိုတော့ ကုစားပေးနိုင်ခြင်းမရှိသေးပါဘူး။ ပညာရှင်များ က Motorola ရဲ့ နည်းပညာဟာ မကြာခင်မှာ အသုံးပြုနိုင်ဦးမှာ မဟုတ်ဘဲ နှစ်အနည်းငယ်ကြာဦးမယ်လို့ သုံးသပ်ပါတယ်။ 

စမတ်ဖုန်း ထုတ်လုပ်တဲ့ ကုမ္ပဏီများက သူတို့ရဲ့ စမတ်ဖုန်းများမှာ ထူးခြား ဆန်းသစ်တဲ့ နည်းပညာများကို ထည့်သွင်းပေးဖို့ စဉ်ဆက်မပြတ် တီထွင် ဖန်တီးနေကြပါတယ်။ Motorola ရဲ့ ကွဲသွားတဲ့စမတ်ဖုန်းစကရင်ကို အလိုအလျှောက်ကုစားနိုင်တဲ့နည်းပညာသာ အောင်မြင်လာမယ်ဆိုရင် အနာဂတ်မှာ စမတ်ဖုန်း စကရင် ကွဲအက်တဲ့ ပြဿနာများ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ 

 

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment