♪ “Xiaomi က Google နဲ့ ပူးပေါင်း၍ Android One စမတ်ဖုန်းကို ဖန်တီးနေ” ♫

Image may contain: phone


ရှောင်မီဟာစမတ်ဖုန်း အပါအ၀င် တန်ဖိုးနည်းအရည်အသွေးမြင့် အီလက်ထရောနစ် ကိရိယာများကို ထုတ်လုပ်နေတဲ့ တရုတ် အခြေစိုက် ကုမ္ပဏီ ဖြစ်ပါတယ်။ အခုလည်း Xiaomi က Google နဲ့ ပူးပေါင်း၍ Android One စမတ်ဖုန်းကိုဖန်တီးနေတယ်လို့ သတင်းထွက်လာပါတယ်။ Google ရဲ့ Android One ဟာတန်ဖိုးနည်းစမတ်ဖုန်းများကိုတီထွင်တဲ့ စီမံကိန်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားမီဒီယာ Krispitech ရဲ့ အဆိုအရရှောင်မီဟာ ၅.၅ လက်မ အရွယ် Mi 5X ကိုတန်ဖိုးနည်း Android One စမတ်ဖုန်းအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဲဒီစမတ်ဖုန်းကို Xiaomi A1 သို့မဟုတ် XiaomiTissot လို့ အမည်ပေးထားမှာ ဖြစ်ပြီး Qualcomm Snapdragon 625 SoC တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ရှောင်မီရဲ့ နာမည်ကျော် MIUI ကိုထည့်သွင်းထားမှာမဟုတ်ဘဲ Pure Android မောင်းနှင်မှာ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းကိုအာရှမှ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ရည်ရွယ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။

XiaomiMi 5X မှာအနောက်ကင်မရာ နှစ်လုံးတပ်ဆင်ထားပြီး iPhone 7 မှ Portrait Mode လို Effect များဖန်တီးပေးနိုင်ပါတယ်။ အဲဒီ စွမ်းဆောင်ချက် ကိုတန်ဖိုးနည်း Android One စမတ်ဖုန်းမှာ ထည့်သွင်း ပေးမယ်ဆိုရင် လူကြိုက်များနိုင်ပါတယ်။ Google နဲ့ ရှောင်မီတို့ဟာ ပထမဆုံးအကြိမ် အဖြစ် ပူးပေါင်းခဲ့ကြခြင်း ဖြစ်ပါတယ်။ 
 

Mobile Guide Journal (Every Monday)







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment