♪ Android မှာ Camera Shutter Sound ကို ပိတ်နည်းများ ♫


စမတ်ဖုန်းများမှာ ဓါတ်ပုံရိုက်လိုက်တဲ့ အခါမှာ Camera Shutter Sound ထွက်လာအောင် ဖန်တီးထားကြပါတယ်။ အဲဒီ အသံဟာ သင့်ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်ဆိုရင် ပိတ်နိုင်တဲ့ နည်းလမ်းများ ရှိပါတယ်။ ပိတ်နည်းများဟာ စမတ်ဖုန်း တစ်လုံးနဲ့ တစ်လုံး မတူညီကြပါဘူး။ သင့် ဖုန်းမှာ အဲဒီလို ပိတ်နိုင်တဲ့ စွမ်းဆောင်ချက် မပါရင် Silent Camera Pro လို App များကို သုံးနိုင်ပါတယ်။

Samsung
Samsung Devices များမှာ Camera App ရဲ့ Settings ထဲသွားပါ။ Shutter Sound ကို Off လုပ်ပေးပါ။ S7 , S7 Edge တို့လို ဖုန်း အသစ်များမှာ Master Volume Settings ထဲမှ မီဒီယာနဲ့ ပတ်သက်တဲ့ အသံကို ပိတ်ခြင်းဖြင့် Shutter Sound ကို ပိတ်နိုင်ပါတယ်။ Volume Button ကို နှိပ်ခြင်း သို့မဟုတ် Phone Settings> Sound ထဲသွားခြင်းဖြင့် Master Volume Settings ကို သတ်မှတ်ပါ။

LG
Stock Android မှာလိုပဲ LG ရဲ့ Camera App မှာ Shutter Sound ကို ပိတ်ဖို့ နည်းလမ်း မပါပါဘူး။ Master Volume Settings ထဲမှ မီဒီယာနဲ့ ပတ်သက်တဲ့ အသံကို ပိတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် Do not disturb or Vibrate ကို သုံးရင်လည်း Shutter Sound ကို ကြားရမှာ မဟုတ်ပါဘူး။

HTC
HTC Devices များမှာတော့ Camera App ရဲ့ Settings ထဲသွားပါ။ General Settings> Camera shutter sound ရဲ့ Check Box မှာ အမှန်ခြစ်ကို ဖြုတ်ပေးပါ။ HTC 10 မှာတော့ ပြုလုပ်နည်းက Stock Android Devices များနဲ့ တူညီပါတယ်။ Master Volume Settings ထဲမှာပဲ အသံကို ပိတ်ရမှာ ဖြစ်ပါတယ်။

Motorola
Motorola Phone အချို့ရဲ့ ကင်မရာ စကရင်မှာ Loudspeaker Icon လေးပါရှိပါတယ်။ အိုင်ကွန်ကို နှိပ်၍ Shutter Sound ကို Enable or Disable လုပ်နိုင်ပါတယ်။ Moto G4 လို အခြား Motorola Phone များမှာ Shutter Sound ကို ပိတ်ဖို့ Master Volume Settings ကိုသာ သုံးရမှာ ဖြစ်ပါတယ်။

OnePlus
OnePlus Devices များမှာ Camera App ရဲ့ Settings ထဲသွားပါ။ Shutter Sound Option မှာ Off လုပ်ပေးပါ။

Huawei or Honor

Huawei Device အချို့မှာ Camera App > Menu > Settings ထဲသွားပြီး Mute Option မှာ Enable လုပ်ပေးပါ။ ဒါဆိုရင် Shutter Sound ကို ပိတ်ပေးမှာ ဖြစ်ပါတယ်။ Honor 8 မှာလည်း ဒီနည်း အတိုင်း ပြုလုပ်နိုင်ပါတယ်။

Sony
Sony Xperia Devices အဟောင်းများမှာ Camera App > Menu > Settings ထဲသွားပြီး Sound Slider ကို Off လုပ်ပေးပါ။ အချို့ Sony Devices များမှာတော့ Master Volume Settings ကို အသုံးပြု၍ Shutter Sound ကို ပိတ်ရမှာ ဖြစ်ပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment