♪ Business Card အရွယ်သာ ရှိတဲ့ Samsung T5 SSD ♫


Samsung က Business Card အရွယ်သာရှိတဲ့ Portable SSD T1 အမည်ရ Solid State Drive ကို လွန်ခဲ့တဲ့ ၂ နှစ်က ရောင်းချပေးခဲ့ပါတယ်။ သူဟာ အရွယ်အစား သေးငယ်ပေမယ့် 1TB Storage ပါဝင်ပါတယ်။ ဒေတာ ကူးပြောင်းမှုကလည်း အလွန် မြန်ဆန်တဲ့ အတွက် အရွယ်အစား ကြီးမားတဲ့ ရုပ်ရှင်၊ ဗီဒီယိုများကို သိမ်းဆည်းဖို့ အလွန် အဆင်ပြေပါတယ်။ Samsung က ပြီးခဲ့တဲ့ နှစ်မှာ T1 ရဲ့ မျိုးဆက် T3 ကို မိတ်ဆက်ခဲ့ပါတယ်။ မော်ဒယ်အသစ်မှာ 2TB Storage ပါပါတယ်။

အခုတော့ Samsung က Read/Write Speed ပိုမို မြန်ဆန်တဲ့ Portable SSD T5 ကို ရောင်းချပေးလိုက်ပါတယ်။ သူ့ရဲ့ အရွယ်အစားက Business Card လောက်သာ ရှိပါတယ်။ သူ့ရဲ့ အလေးချိန်ဟာ ၅၁ ဂရမ် ဖြစ်ပါတယ်။ တုန်ခါမှုဒဏ်ခံနိုင်အောင် သူ့ကို ဒီဇိုင်းထုတ်ထားပါတယ်။ Deep Black နဲ့ Alluring Blue အရောင် နှစ်မျိုး ရွေးချယ်နိုင်ပါတယ်။ Deep Black အတွက် 1TB နဲ့ 2TB Model များ ထုတ်လုပ်ပေးထားပြီး Alluring Blue အတွက် 250GB နဲ့ 500GB Model များ ရွေးချယ်နိုင်ပါတယ်။

Samsung က သူတို့ရဲ့ ဈေးနှုန်းများကို မကြေညာသေးပါဘူး။ T5 နဲ့အတူ USB-A to USB-C နဲ့ USB-C to USB-C Cable များကိုလည်း ထည့်သွင်းပေးထားမှာပါ။ Solid State Drive (SSD) များဟာ Hard Disk Drive(HDD) များထက် ဒေတာ ဆုံးရှုံးမှု နည်းပါးတယ်လို့လည်း သိရပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment