♪ Android ဂိမ်းများကို Windows ကွန်ပျူတာပေါ်တွင် ထည့်သွင်းကစားခြင်း ♫


Android စနစ်သုံး Device တွေမှာအသုံးပြုတဲ့ App တွေနဲ့ ဂိမ်းတွေကို ကွန်ပျူတာပေါ်မှာ ထည့်သွင်းပြီး အသုံးပြုနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ အချို့ User တွေဟာ Android ဖုန်းတွေကို ဂိမ်းတွေကို ကစားကြပြီး ဖုန်းပေါ်ကဂိမ်းတွေကို ကွန်ပျူတာပေါ်မှာ တင်ပြီးကစားချင်သူတွေအနေနဲ့ ဒီနည်းလမ်းကို အသုံးပြုနိုင်ပါတယ်။

Android ဂိမ်းတစ်ခုကို ကွန်ပျူတာပေါ်မှာ ကစားနိုင်ဖို့အတွက် ပထမဆုံး လိုအပ်တာကတော့ XePlayer ဆိုတဲ့ App ဖြစ်ပါတယ်။ ဒီ App ကိုတော့ goo.gl/ZaBnG2 ဒီလင့်ကနေ Download ပြုလုပ်ပြီး ရယူနိုင်ပါတယ်။


App ကို Download ရရှိပြီဆိုရင်တော့ ကွန်ပျူတာပေါ်မှာ Install ပြုလုပ်လိုက်ပါ။ ဒါဆိုရင် ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။


ပြီးရင်တော့ ကွန်ပျူတာမှာရှိနေတဲ့ XePlayer App ကိုဖွင့်လိုက်ပါ။ ခုလိုမျိုး မြင်တွေ့ရပါလိမ့်မယ်။


XePlayer ကိုဖွင့်လိုက်တဲ့အခါမှာ ကွန်ပျူတာရဲ့ မြင်ကွင်းက ဖုန်းတစ်လုံးလို ပြောင်းလဲသွားမှာဖြစ်ပါတယ်။ ကိုယ်အသုံးပြုချင် တဲ့ ဂိမ်းကို ထည့်သွင်းဖို့အတွက် Download လုပ်ရမှာဖြစ်ပါတယ်။ XePlaey ထဲမှာ Playstore ရှိပါတယ်။ ဒါကြောင့် Playstore ကို ဖွင့်လိုက်ပါ။


Playstore ကိုဖွင့်ပြီးရင် မိမိ Download လုပ်ချင်တဲ့ဂိမ်းကို Playstore ပေါ်မှာ ရှာဖွေလိုက်ပါ။


ပြီးရင် ဂိမ်းကို Install လုပ်လိုက်ပါ။


ပြီးရင်တော့ အားလုံးကို Back နှိပ်ပြီး အစအထိ ပြန်ထွက်လိုက်ပါ။ ဒီလိုပြန်ထွက်ဖို့အတွက် App မြင်ကွင်းရဲ့ ဘေးဘောင်ပေါ်မှာ Android ဖုန်းမှာပါတဲ့ ခလုတ်တွေအတိုင်း Back, Recent, Home ခလုတ်တွေ အားလုံးပါဝင်ပါတယ်။


ပြီးရင်တော့ မိမိ Download ပြုလုပ်ထားတဲ့ ဂိမ်းကိုဖွင့်ပြီး ကစားနိုင်ပါပြီ။



-ကိုသက်

Credit to ==> Internet Journal





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment