♪ “4GB RAM ပါတဲ့ ဈေးသက်သာတဲ့ Galaxy Note 8 လာမည်” ♫

Image may contain: phone

Samsung Galaxy Note 8 ဟာလူတိုင်းကိုင်ချင်ကြတဲ့ စမတ်ဖုန်း ဖြစ်ပေမယ့် ၉၂၉ ဒေါ်လာကတန်ဖိုးကြီးမားပါတယ်။ အဲဒီအတွက် Samsung က 4GB RAM သာထည့်သွင်းထားတဲ့ ဈေးအနည်းငယ် သက်သာတဲ့ Note 8 Model ကိုရောင်းချပေးမယ်လို့ ထင်ရပါတယ်။

အဲဒီမော်ဒယ်ကိုတရုတ်ဆက်သွယ်ရေးကော်မရှင်ထံမှာမှတ်ပုံတင်ထားတဲ့ သတင်းအချက်အလက် များကို ITHome က တွေ့ရှိခဲ့ပါတယ်။ အဲဒီ မော်ဒယ်မှာ 4GB RAM ထည့်သွင်းထားပြီးမူလမော်ဒယ်မှာ 6GB RAM ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ မော်ဒယ်အသစ်ရဲ့ အမည်ကို Samsung က ဘယ်လိုပေးထားမလဲ ဆိုတာကိုမသိရသေးပါဘူး။ မော်ဒယ် အသစ်နဲ့ မူလမော်ဒယ်ဟာ RAM ကလွဲပြီးအခြား Specificaton များဟာတူညီကြ ပါတယ်။

မော်ဒယ် အသစ်မှာလည်း 6.3” 1440×2960 Super AMOLED Screen , Snapdragon 835 Chipset , 3300mAh Battery , Dual Lens Camera များတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ IP68 စံနှုန်းလည်းပါတဲ့ အတွက် ရေစိုခံပါတယ်။ ဖုန်မ၀င်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ S Pen လည်းတပ်ဆင်ထားမှာပါ။

MySmartPrice က 4GB RAM Model ရဲ့ ဈေးနှုန်းဟာမူလမော်ဒယ် ထက် ဒေါ်လာ ၁၀၀ ကနေ ၁၅၀ လောက် လျော့နည်းနိုင်တယ်လို့ တွက်ချက်ထားပါတယ်။ တရုတ် ဆက်သွယ်ရေးကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့အတွက် အဲဒီမော်ဒယ်ကိုတရုတ်မှာရောင်းချဖို့ သေချာ ပေမယ့် အခြားနိုင်ငံများမှာရောင်းချ မယ့် သတင်းကိုမသိရသေးပါဘူး။ 




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment