♪ “Asus က Selfie အသားပေး ZenFone Selfie နဲ့ Selfie Pro တို့ကိုကြေညာ” ♫

Image may contain: phone

Asus က အရှေ့ ကင်မရာ ၂ လုံးစီပါတဲ့ ZenFone Selfie နဲ့ Selfie Pro တို့ကိုကြေညာလိုက်ပါတယ်။ ZenFone 4 Selfie မှာ ၅.၅ လက်မ Full HD Display , Snapdragon 430 Processor , 4GB RAM, 64GB Storage များတပ်ဆင်ထားပါတယ်။ 

အရှေ့ဘက်မှာ 20MP Main Camera နဲ့ မြင်ကွင်းကျယ် 8MP Camera များနဲ့အတူ LED Flash တစ်လုံး တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 16MP Camera တစ်လုံးသာတပ်ဆင်ထားပါတယ်။Dual SIM Support , Fingerprint Scanner, 3000mAh Battery များ ပါပြီးအနက်၊ အစိမ်း၊ ပန်းနှင်းဆီနဲ့ ရွှေရောင်များရွေးချယ်နိုင်ပါတယ်။ 

ZenFone 4 Selfie Pro မှာ ၅.၅ လက်မ Full HD AMOLED Display , 3GB or 4GB RAM, 64GB Storage , Snapdragon 625 Processor များထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 24MP DuoPixel Camera နဲ့အတူ မြင်ကွင်းကျယ် ကင်မရာတစ်လုံးပူးတွဲတပ်ဆင်ထားပါတယ်။ ကင်မရာများက 4K Video များကိုရိုက်ကူးပေးနိုင် ပါတယ်။3000mAh Battery, Dual SIM Support , Fingerprint Sensor , များထည့်သွင်း ထားပြီးအနက်၊ ရွှေနဲ့ အနီရောင်များရွေးချယ်နိုင်ပါတယ်။ ရောင်းချမယ့် အချိန်နဲ့ ဈေးနှုန်းများကိုတော့ မသိရသေးပါဘူး။ 


 

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal








<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment