♪ အရည်အသွေးအဆင့်မီတဲ့ Specs တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ " Samsung Galaxy J7 Pro " Price - 415,000 Ks ♫

Image may contain: 1 person, phone

Samsung Galaxy J7 Pro ဟာ အရည်အသွေးအဆင့်မီတဲ့ Specs တွေနဲ့ ပေါင်းစပ်ထုတ်လုပ်ထားတဲ့ Samsung ရဲ့ နောက်ဆုံးပေါ် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လကမှ ဈေးကွက်ထဲကို စတင်ရောက်ရှိ လာခဲ့တာဖြစ်ပြီး မျက်နှာပြင်ကျယ်ကျယ်၊ ကင်မရာစွမ်းအားကောင်းကောင်းနဲ့ ထုတ်လုပ်ပေးထားတာ တွေ့ရ ပါတယ်။ ထောက်ပံ့ပေးထားတဲ့ Specs တွေနဲ့ Features တွေ အကုန်လုံးက ပေးရတဲ့ဈေးနဲ့ ထိုက်တန်မှုလည်းရှိပြီး အလယ်အလတ်တန်းစားဈေးနှုန်းနဲ့ နောက်ဆုံးပေါ်အဆင့်မြင့် စမတ်ဖုန်းတစ်လုံးကို အသုံးပြုနိုင်မှာပါ။

မျက်နှာပြင်စွမ်းအား ကောင်းမွန်ခြင်း၊ ကင်မရာအရည်အသွေး ပြည့်ဝခြင်း၊ ဘက်ထရီစွမ်းအား မြင့်မားခြင်းနဲ့ လုပ်ဆောင်ချက် တိကျမှန်ကန်မှုရှိခြင်းတွေ အားလုံးနဲ့လည်း ပြည့်စုံနေပါတယ်။ ကိုယ်ထည်တစ်ခုလုံးကို သတ္တုနဲ့ ပြုလုပ်ပေးထားတာကြောင့် တောင့်တောင့်တင်းတင်းနဲ့ကိုင်တွယ်သုံးစွဲလို့ ကောင်းပါတယ်။ နောက်ကျောဘက်မှာ U ပုံစံဒီဇိုင်းရှိတဲ့ Antenna bands တွေကို အပေါ်နဲ့အောက်ထောင့်တွေမှာ ထည့်သွင်းပေးထားတဲ့ အတွက် ခေတ်မီဆန်းသစ်မှုလည်း ရှိပါတယ်။


အရှေ့မျက်နှာပြင်အပေါ်ဘက်မှာ အရှေ့ကင်မရာ Lens နဲ့ အောက်ခြေမှာ Home button တို့တည်ရှိပြီး Home button ဘေးတစ်ဖက်စီမှာ Capacitive-touch back key နဲ့ Multi-tasking key တို့ ပါရှိပါတယ်။ ၎င်း Home buttons မှာ Lightening Fast Fingerprint sensor ကို တပ်ဆင်ပေးထားလို့ ဖုန်းကို လျင်မြန်စွာ unlock လုပ်နိုင်ပြီး ဖုန်းထဲက data တွေကိုလည်း လုံခြုံစွာ ကာကွယ်ပေးထားနိုင်ပါတယ်။ ဘယ်ဘက်ဘေးဘောင်မှာ အသံအတိုးအကျယ်ခလုတ်နဲ့ ညာဘက်ဘေးဘောင်မှာတော့ ပါဝါခလုတ်တွေကို မြင်တွေ့နိုင်ပါတယ်။


Samsung Galaxy J7 Pro ရဲ့ နောက်ကျောဘက်ရဲ့ အပေါ်ဘက် အလယ်တည့်တည့်မှာ အနောက်ကင်မရာ Lens နဲ့ သူ့အောက်ဘက်မှာ LED Flash မီးလုံး ပါရှိပါတယ်။ ဖုန်းရဲ့အရွယ်အစားက 152.4 x 74.7 x 7.9 mm ရှိပြီး 181g အလေးချိန် လေးပါတယ်။ ၎င်းကို GSM, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 2 ကတ်ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်တဲ့ Dual SIM စနစ် ပါရှိပါတယ်။ မျက်နှာပြင်အကျယ်ကတော့ 5 လက်မခွဲအကျယ်ရှိပြီး Super AMOLED Capacitive touchscreen display အမျိုးအစားကို သုံးထားပါတယ်။


၎င်းမျက်နှာပြင်က မြင်ကွင်းစွမ်းအားအနေနဲ့ 1080 x 1920 pixels ကို အပြည့်အဝပေးစွမ်းနိုင်လို့ ရုပ်ရှင်တွေ၊ ဗီဒီယိုတွေ ကြည့်ရတာလည်း အဆင်ပြေပါတယ်။ 1 လက်မမှာရှိတဲ့ သိပ်သည်းဆပမာဏကတော့ ~401 ppi pixels ရှိပါတယ်။ ဒါ့အပြင် Always-on Display အမျိုးအစားဖြစ်တာကြောင့် သုံးစွဲရတာ အဆင့်မြင့်ပြီး ဖုန်းကို အချိန်ကြာမြင့်စွာ သုံးစွဲမှုကြောင့် ဖြစ်တတ်တဲ့ မျက်စိထိခိုက်မှုကို အကောင်းဆုံးလျှော့ချပေးနိုင်တဲ့ Blue Light Filter စနစ်လည်းပါရှိသလို မျက်နှာပြင်ပေါ်မှာလည်း multitouch စနစ်ကို သုံးစွဲနိုင်ပါသေးတယ်။


Galaxy J7 Pro ရဲ့အထဲမှာတော့ Android 7.1 (Nougat) ကို run ပေးထားပြီး Samsung ရဲ့သုံးနေကျ User Interface ကိုပဲ သုံးထားပါတယ်။ အရည်အသွေးမြင့်မားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရရှိဖို့အတွက် အနောက်ကင်မရာနဲ့ အရှေ့ကင်မရာက 13MP resolution ပါရှိပြီး f/1.7 နဲ့ f/1.9 aperture စွမ်းအားကို အသီးသီး ထောက်ပံ့ပေးထားပါတယ်။ ဖုန်းတစ်လုံးမှာ အရေးအကြီးဆုံး အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ CPU နဲ့ GPU တွေကလည်း တန်းဝင်အဆင့်ရှိတာတွေကိုချည်း ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Multi-tasking တွေကိုလည်း ပြုလုပ်နိုင်မှာပါ။
ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့အတွက် Internal memory 16GB နဲ့ 32GB ပါရှိတဲ့ version 2 မျိုးကို ထုတ်လုပ်ပေးထားတဲ့အပြင် ၎င်း version 2 ခုစလုံးမှာ Micro SD card ကို 256GB အထိ ထပ်စိုက်သုံးလို့ ရပါတယ်။ RAM ကတော့ 3GB ပါရှိပါတယ်။ ဖုန်းထဲက apps တွေကိုလည်း lock ချထားနိုင်သလို တခြားသူတွေ မမြင်ရအောင်လည်း Secure Folder တွေဆောက်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။ ၎င်းဖုန်းကိုတော့ အမည်းရောင်နဲ့ ရွှေရောင်ဆိုတဲ့ အရောင် 2 မျိုး ရွေးချယ်ဝယ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

* Battery Life *

ကိုယ်ထည်ထဲမှာ ထည့်သွင်းထားတဲ့ Non-removable Li-Ion 3600mAh battery က လုပ်ဆောင်ချက်တွေ အကုန်လုံးကို အချိန်ကြာမြင့်စွာ ပြုလုပ်စေနိုင်ပြီး ဖုန်းပြောမယ်ဆိုရင် 24 နာရီသုံးနိုင်ပြီး သီချင်းနားထောင်ရင်တော့ နာရီပေါင်း 91 နာရီကြာ သုံးစွဲနိုင်မှာပါ။

* Design *

ဒီဇိုင်းပုံစံက အခြား Samsung ဖုန်းတွေနဲ့ သိပ်မကွာခြားပေမယ့် နောက်ကျောဘက်ဒီဇိုင်းလေးက မျက်စိထဲမှာ ဆွဲဆောင်မှုရှိနေပါတယ်။ ဒါ့အပြင် ကိုယ်ထည်ကို သတ္တုနဲ့ပြုလုပ်ပေးထားလို့ အကြမ်းခံပြီး တာရှည်လည်း အသုံးပြုနိုင်ပါတယ်။ ဒါကြောင့် ဒီဇိုင်းပုံစံ Premium ကျတဲ့ ဖုန်းတွေထဲမှာ ပါဝင်ပါတယ်။

* Processor *

Samsung Galaxy J7 Pro မှာ Exynos 7870 Chipset နဲ့ Octa-core 1.6GHz Cortex-A53 processor တို့ကို ထောက်ပံ့ပေးထားပြီး Mali-T830MP2 graphics card ကို သုံးထားပါတယ်။ ဒါကြောင့် ပေးရတဲ့ဈေးနှုန်းနဲ့ ထိုက်တန်တဲ့လုပ်ဆောင်နိုင်စွမ်းတွေရရှိပြီး မြင်ကွင်းတွေအကုန်လုံးကလည်းအရောင်အသွေးစိုစိုပြေပြေနဲ့ သဘာဝကျလှပနေမှာပါ။

* Display and Camera *

Galaxy J7 Pro က မြင်ကွင်းစွမ်းအားကောင်းမွန်တဲ့ အဆင့်မြင့်စမတ်ဖုန်း အမျိုးအစားထဲမှာပါရှိတဲ့အတွက် ဂိမ်းကစားတာတွေ၊ ရုပ်ရှင်ကြည့်တာတွေနဲ့ စာဖတ်တာတွေကို အကောင်းဆုံးပြုလုပ်နိုင်ပါတယ်။ 13MP ပါရှိတဲ့ အရှေ့နဲ့ နောက်ကင်မရာတွေက ကြည်လင်ပြတ်သားတဲ့ ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။

* Verdict *

ဒီ Samsung Galaxy J7 Pro မှာ အလွန်အသုံးဝင်တဲ့ Dual Messenger စနစ်ပါရှိတာကြောင့် အကောင့် 2 ခုကိုဖွင့်ပြီး တစ်ပြိုင်နက်တည်း စကားပြောနိုင်ပါတယ်။ ဒါကြောင့် သူ့အတန်းအစားထဲမှာတော့ သုံးစွဲလို့ကောင်းတဲ့ နောက်ဆုံးပေါ် အဆင့်မြင့် စမတ်ဖုန်းတစ်လုံးပဲ ဖြစ်ပါတယ်။

Specification
» Network : 2G, 3G, 4G (Dual SIM)
» Weight : 181g 
» Display : 5.5", Super AMOLED capacitive touchscreen
» Dimensions : 152.4 x 74.7 x 7.9 mm
» Memory : 32GB, 3GB RAM, microSD, up to 256GB
» Camera : 13MP, f/1.7, autofocus, LED flash, Geo-tagging touch focus, face detection, panorama, HDR, Front : 13MP, f/1.9, LED flash
» Connectivity : GPS, WLAN, Bluetooth 4.1, microUSB 2.0 
» OS : Android OS 7.1 (Nougat) 
» Chipset : Exynos 7870 Octa 
» CPU : Octa-core 1.6GHz Cortex-A53 
» GPU : Mali-T830MP2 
» Sensor : Fingerprint (front-mounted), accelerometer, gyro, proximity, compass

Contact Phone - 01-371924 (AMT Mobile Sales & Services)

Price - 415,000 Ks

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment