♪ “iPhone ကနေ Android ပြောင်းသုံးတော့မှာလား” ♫

No automatic alt text available.

Android နှင့် iOS တို့အကြားကွဲပြားခြားနားမှုများက တဖြည်းဖြည်းချင်း ကျဉ်းမြောင်းလာခဲ့ပြီး တူညီသောလုပ်ဆောင် ချက်များစွာကိုမြင်တွေ့ လာရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ Mobile OS နှစ်ခုဟာ တစ်ခုနဲ့ တစ်ခု အကောင်းဆုံးသော လုပ်ဆောင်ချက်များစွာကို အပြန်အလှန် အတုခိုးပြီး လုပ်ဆောင်လာခဲ့ကြသောကြောင့်ဖြစ်ပါတယ်။ ရလဒ်အနေနဲ့ ကတော့ iPhone အသုံးပြုသူများဟာ Android ဘက်ကို စောင်းငဲ့ကြည့်ရှု လာကြပြီး သုံးစွဲလာကြတာပါပဲ။ Android ရဲ့ နောက်ဆုံးဗားရှင်း ဖြစ်သော Android လည်း စိတ်ဝင်စားဖွယ်ရာ အဆင့်မြှင့်တင်မှုများစွာ ပါဝင်လာသလို Hardware ပိုင်းအနေနဲ့လည်း Google အပါအ၀င် အခြားသော စမတ်ဖုန်းထုတ်လုပ်သူများရဲ့ အလျင်အမြန် အဆင့်မြှင့်တင်မှု များစွာလုပ်ဆောင်ပြီး ထွက်ရှိလာနေသော စမတ်ဖုန်းများက ရွေးချယ် ၀ယ်ယူဖို့ အလွန်တရာများပြားလှပါတယ်။ ဒီတော့ iPhone သုံးစွဲသူများ အနေနဲ့ Android ကို ပြောင်းလဲသုံးစွဲမယ်ဆိုလျှင် ဘယ်လိုမျိုးအချက်တွေ က ပြောင်းလဲစေနိုင်ဖို့ တွန်းအားပေးနေတဲ့အချက်တွေ ဖြစ်မလဲဆိုတာက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။ အဆိုပါအချက်များကို ကောက်နှုတ် ရွေးချယ် တင်ပြပေးသွားမှာပါ . . .

1. Choice of Phones

Apple မှာတော့ နောက်ဆုံးအနေနဲ့ ရွေးချယ်စရာစမတ်ဖုန်း နှစ်မျိုး သာရှိမှာဖြစ်ပြီး အဲဒါတွေကတော့ ၄ .၇လက်မအရွယ် အစားရှိသော iPhone 7 (သို့မဟုတ် 6s) နဲ့ ၅.၅ လက်မအရွယ်အစားရှိသော iPhone 7 Plus (သို့မဟုတ် 6 Plus)တို့ပဲ ဖြစ်ပါ တယ်။ Android မှာတော့ သိတဲ့ အတိုင်းပဲ များစွာသောထုတ်လုပ်သူတွေရဲ့ အမျိုးမျိုးသောစမတ်ဖုန်း တွေကို ရွေးချယ် ၀ယ်ယူနိုင်မှာဖြစ်ပါတယ်။ Google ရဲ့ အဆိုအရတော့ အဆိုပါဖုန်းတွေက iPhone 7 နဲ့ 7 Plus တို့နှင့် အသီးသီးနှိုင်းယှဉ်နိုင် လိမ့်မယ်လို့ဆိုပါတယ်။ အရည်အသွေးအားဖြင့် Apple ရဲ့တန်းမြင့် ဖုန်းတွေနဲ့ နှိုင်းယှဉ်နိုင်ရုံမျှမက ဈေးနှုန်းအားဖြင့်လည်း သက်သာမှာဖြစ် ပါတယ်။ နောက်ဆုံးပေါ် စမတ်ဖုန်းအများစု ဖြစ်တဲ့ Samsung, Huawei, Motorola တို့လို ဖုန်းတွေကတော့ တန်ဖိုးအားဖြင့်ကြီး မြင့်ပါတယ်။

2. Google Now on Tap

Android ရဲ့အကောင်းဆုံးသော Feature တစ်ခုကတော့ Google Now ပဲဖြစ်ပါတယ်။ Apple ရဲ့ Siri လိုမျိုးသုံးစွဲနိုင် မယ့် Google ရဲ့ Virtual Personal Assistant စနစ်သစ်ဖြစ်ပြီး သင့်အတွက် အချိန်ကိုက်မှန်ကန် တဲ့ သတင်းအချက်အလက် များကို ပေးစွမ်းနိုင်မှာဖြစ်ပြီး Android O မှာတော့ အဆိုပါစနစ်က ပိုပြီးကောင်းလွန်းလာပါတယ်။ Google Now on Tap ရဲ့အားသာချက်ကတော့ မိမိတို့သိရှိလိုသော သတင်းအချက်အလက် များစွာကို လက်ရှိ မိမိတို့သုံးစွဲနေသော App ကို ပိတ်စရာ မလိုဘဲ သိရှိနိုင် မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သင်နဲ့ သင့်သူငယ်ချင်းက ညစာစားဖို့ အတွက် Google Hangouts မှာ စကားပြော နေတယ်ဆိုလျှင် တစ်ပြိုင်နက် တည်းမှာပဲ Home Button ကိုနှိပ်ကာ စားသောက်ဆိုင်များနဲ့ ပတ်သက်တာတွေ၊ Booking လုပ်တာတွေ၊ Calendar Event တစ်ခု ဖန်တီးတာတွေ၊ လမ်းကြောင်းရှာဖွေတာတွေကို Hangouts အားမပိတ် ဘဲနဲ့ ကြည့်ရှု လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်

3. Stand Connectors

Android အနေဖြင့် iOS Device များကိုအားသွင်းဖို့ သူ့ရဲ့ကိုယ်ပိုင် နည်းပညာဖြစ်တဲ့ Lightning Cables များကိုသုံးစွဲနေ သလို Android အနေနဲ့ စံသတ်မှတ်ထားသော USB Type-C လို နည်းပညာတွေကို သုံးစွဲလျက်ရှိပါတယ်။ Google ရဲ့ Nexus ဖုန်းအသစ်တွေမှာ USB Type-C port များပါဝင်ပြီး လျင်မြန်စွာအားသွင်းနိုင်မှာဖြစ်သလို USB Type-C cord တွေက Android သုံးစွဲသူများအနေဖြင့် သူတို့ရဲ့ဖုန်းတွေကို အားသွင်းဖို့အတွက် စိုးရိမ်စရာ ရှိမှာမဟုတ်တော့ပါဘူး။ များစွာသော Android Devices တွေမှာအသုံးပြုနေတဲ့ Micro USB Cords တွေလို မျိုးပဲ မကြာမီမှာ USB Type-C Cables တွေက နေရာတိုင်းမှာ တွေ့မြင် ရတော့မှာဖြစ်ပြီး အကျိုးဆက်အနေနဲ့ကတော့ Apple ရဲ့ Lightning Cables တွေထက် ပိုမိုဈေးသက်သာစွာ အသုံးပြု နိုင်မှာဖြစ်ပါတယ်။

4. Improving Better Life

ယေဘုယျအားဖြင့်တော့ Android စမတ်ဖုန်းတွေက iPhone တွေထက် စာလျှင် ဘက်ထရီအားကျဆင်းမှု ပိုမိုမြန်ဆန် နိုင်တာကို တွေ့ရမှာပါ။ အကယ်၍ညအခါအားသွင်းဖို့ မေ့လျော့နေတဲ့အခါ Apple အနေဖြင့် ရာခိုင်နှုန်းအနည်းငယ်သာ လျော့ကျသွားမှာဖြစ်ပေမယ့် Android ကတော့ ၂၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ လျော့ကျသွားနိုင်မှာဖြစ်ပါတယ်။ ယခုအခါ မှာတော့ Android Marshmallow မှာ Doze ဆိုတဲ့စနစ် ပါဝင်လာပြီး အကယ်၍ မိမိက ဖုန်းကိုအချိန်အတန်ကြာ ပစ်ထားတဲ့အခါ သူက တုံ့ပြန် လှုပ်ရှားမှုတွေ၊ ရွေ့လျားမှုတွေစတဲ့ ဖုန်းအသုံးပြုမှုတွေမရှိကြောင်း ခြေရာခံမိပြီး Doze Mode သို့ အလို အလျောက်ပြောင်းလဲ သွားကာ Data Network ကို Disable လုပ်တာ၊ Background Process တွေကို ပိတ်ပစ်တာတွေ လို လုပ်ဆောင်ပေးမှာဖြစ်တဲ့အတွက် ဘက်ထရီအား ကုန်ခန်းသွားခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ အကြမ်းဖျင်းတော့ Airplane Mode နဲ့ ခပ်ဆင်ဆင်တူမှာဖြစ်ပေမယ့် Doze မှာတော့ ဦးစားပေးအဆင့်မြင့်တဲ့ Massage တွေ ပါဝင်နိုင်စေမှာဖြစ်ပါတယ်။


App Standby ဆိုတဲ့ Service တစ်ခုလည်းရှိသေးပြီး အဲဒါကတော့ ဖုန်းအားသွင်းမထားတဲ့အခါ မိမိတို့က နာရီပေါင်း များစွာ မသုံးစွဲဖြစ်တဲ့ Apps တွေကိုပိတ်ပေးမှာဖြစ်ပါတယ်။ အဆိုပါ Doze နဲ့ App Standby စနစ်တွေက Android ဖုန်းတွေရဲ့ ဘက်ထရီသက်တမ်းကို ကြာမြင့်စေ မှာဖြစ်ပါတယ်။ ထို့အပြင် များစွာသော Android ဖုန်းတွေမှာ iOS ထက် ပိုမိုကြီးမားပြီး capacity ပိုဝင်ဆံ့သောဘက်ထရီများကို ထည့်သွင်းပေး ထားပါတယ်။

5. Improving Cameras

iPhone 7 နဲ့ 7 Plus တွေမှာ အရည်အသွေးမြင့်ဓာတ်ပုံတွေနဲ့ HD ဗီဒီယိုတွေကိုရိုက်ကူးနိုင်မယ့် အံ့အားသင့်ဖွယ် ကင်မရာများ ပါဝင်ပါတယ်။ သို့သော်လည်း ကင်မရာနှင့်မိုဘိုင်းကိရိယာများရဲ့ ဓာတ်ပုံအရည် အသွေးများနဲ့ ဗီဒီယို အရည် အသွေးများကိုစစ်ဆေးပြီး အဆင့် သတ်မှတ်ချက်များ ထုတ်ပြန်ပေးတဲ့ DxOMark ရဲ့ စစ်ဆေးချက်များအရ များစွာသော Android ဖုန်းတွေဟာ iPhone 7 နဲ့ 7 Plus တို့ထက် သာလွန်ကောင်းမွန်တာကိုတွေ့ရပါတယ်။ Mobile များထဲမှ Sony Xperia XZ Premium က အဆင့်သတ်မှတ်ချက် ၈၇ နဲ့ နံပါတ် ၁ နေရာမှာ ရပ်တည်နေပြီးသူ့နောက်တွင် ကိုရီးယားအခြေစိုက်စမတ်ဖုန်း ထုတ်လုပ်သူ Samsung နှင့် LG တို့အသီးသီးရပ်တည်နေကာ iPhone 7 Plus, 7 နဲ့ 6s တို့ကတော့ အဆင့် ၈ ကနေ၁၀ အတွင်း ရပ်တည်လျက် ရှိနေပါတယ်။

သက်ပိုင်

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment