♪ ကမ္ဘာ့အပါးလွှာဆုံး Notebook လေး - " Acer Swift 7 Notebook " Price - USD 1,149 ♫

Image may contain: laptop

Acer ကနေ နောက်ဆုံးထုတ်လုပ်လိုက်တဲ့ ကမ္ဘာ့အပါးလွှာဆုံး Notebook လေးနဲ့ မိတ်ဆက်ပေးပါရစေ။ Intel ရဲ့ 5th Generation ဖြစ်တဲ့ Intel Core i5-7V54 Processor နဲ့ Acer Swift 7 ကိုဆင်ယင်ထားပြီး Windows 10 Home License ပါ ပါဝင်ပါတယ်။ 8GB LP DDR3 Memory ကို အသုံးပြုထားတဲ့အတွက် လျင်မြန်သွက်လက်တဲ့ စွမ်းဆောင်ရည်ကို ရရှိမှာဖြစ်ပါတယ်။

Storage အနေနဲ့ 256 SSD ကို အသုံးပြုထားပြီး Data တွေကို အဆင်ပြေစွာ သိမ်းနိုင်မှာဖြစ်ပါတယ်။ Graphic ကိုတော့ Intel HD Graphics ကိုသုံးထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်ကို ရရှိနိုင်မှာဖြစ်ပါတယ်။ Screen Size က 13.3” ရှိပြီး Full HD Acer Crystalbrite ကို အသုံးပြုထားပါတယ်။ ထူးခြားချက်အနေနဲ့ IPS Technology ကို အသုံးပြုထားတာဖြစ်ပါတယ်။ အသံထွက်အပိုင်းမှာလည်း Dolby Audio နဲ့ Acer TrueHarmony နည်းပညာ တို့ကို ပေါင်းစပ်ဖန်တီးထားတဲ့အတွက် ကြည်လင်ပြတ်သားတဲ့ စွမ်းဆောင်ရည်မြင့်အသံထွက်ကို ရရှိမှာဖြစ်ပါတယ်။

ထူးခြားချက်အနေနဲ့ Network ပိုင်းမှာ သာမန်ထက် စွမ်းဆောင်ရည် 3 ဆမြန်တဲ့ Acer Nplify 802.11ac နဲ့ Bluetooth ကို အသုံးပြုထားပါတယ်။ Battery ကို 4 cell Li-on battery အသုံးပြုထားတဲ့အတွက် ခဏလေးနဲ့ အားကုန်မှာ စိတ်ပူစရာမလိုဘဲ အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မှာပါ။

စမ်းသပ်ချက်တွေအရဆိုရင်တော့အနည်းဆုံး 9 နာရီကြာ အားမသွင်းဘဲ အသုံးပြုနိုင်မှာဖြစ်ပြီး တခြား laptop တွေထက် ထူးခြားတဲ့အရာကတော့ 9.9mm ပဲရှိတဲ့ ပါးလွှာမှုပဲ ဖြစ်ပါ တယ်။ အနက်ရောင်နှင့် ရွှေရောင်ရောစပ်ထားပြီး လှပ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ Acer Swift 7 Noetbook ကို ဘယ်နေရာသွားသွား ကိုယ်နဲ့အလွယ်တကူ ပေါ့ပေါ့ပါးပါး သယ်ဆောင်သွားလို့ရမှာ ဖြစ်ပါတယ်။
 

ရွှေလမင်းနဂါးကုမ္ပဏီ

Ph : 09-252229400, 09-252229500, 01-2301797

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment