♪ အနောက်ကင်မရာ နှစ်လုံးပါတဲ့ Nokia 8 ကို ကြေညာပြီ ♫


HMD က စွမ်းဆောင်ရည်မြင့် Nokia 8 စမတ်ဖုန်းကို ကြေညာလိုက်ပါတယ်။ Nokia 8 မှာ ၅.၃ လက်မ IPS LCD Display တပ်ဆင်ထားပြီး QHD Resolution ဖြစ်ပါတယ်။ မျက်နှာပြင်ကို 2.5D Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ အလူမီနီယမ် ကိုယ်ထည် တပ်ဆင်ထားပါတယ်။ ၇.၉ မီလီမီတာသာ အထူရှိတဲ့အတွက် အလွန် ပါးလွှာတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။

Nokia 8 ရဲ့ အရှေ့နဲ့ အနောက် ကင်မရာများကို Zeiss က ထုတ်လုပ်ပေးထားပါတယ်။ အနောက်ဘက်မှာ 13MP Camera ၂ လုံး (Color + Monochrome ) တပ်ဆင်ထားပြီး Color Camera မှာ Optical Image Stabilization , Laser Autofocus များပါပါတယ်။ အလင်းရောင်နည်းပါးတဲ့ အခြေအနေများအတွက် အဆင်ပြေအောင် အနောက်ဘက်မှာ LED Flash ၂ လုံး တပ်ဆင်ထားပါတယ်။
အရှေ့ဘက်မှာ 13MP Camera ၁ လုံး တပ်ဆင်ထားပြီး Phase Detection Autofocus ပါပါတယ်။ HMD က Dual-Sight လို့ခေါ်တဲ့ အရှေ့နဲ့ အနောက်ကင်မရာများကနေ YouTube, Facebook တို့မှာ မြင်ကွင်းနှစ်ခုကို တစ်ပြိုင်နက် Live ထုတ်လွှင့်နိုင်တဲ့ စွမ်းရည်လည်း ပါပါတယ်။ 4K Video များနဲ့ လိုက်ဖက်အောင် ၃၆၀ ဒီဂရီ Surround Audio Recording ကိုလည်း ထည့်သွင်းပေးထားပါတယ်။ ဒီအလုပ်များ အားလုံးကို Snapdragon 835 Chipset က စီမံနိုင်ပါတယ်။

HMD က Google နဲ့ ပူးပေါင်း၍ Google Photos ကို Default Gallery အနေဖြင့် ထည့်သွင်းထားပါတယ်။ 64GB Storage ပါတဲ့အပြင် microSD Slot ပါပါတယ်။ 4GB RAM, 3090mAh Battery ထည့်သွင်းထားပြီး Qualcomm Quick Charge 3.0 ပါပါတယ်။ Pure Android 7.1 မောင်းနှင်မှာပါ။ စက်တင်ဘာလမှာ ယူရို ၆၀၀ ( ၉၆၀ ၀၀၀ ကျပ် ၀န်းကျင်) ဖြင့် ရောင်းချမှာပါ။



Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment