♪ လက်ထဲကိုင်ထားနိုင်သည့် အရွယ် ဒေါ်လာ ၁၀၀ တန် Desktop PC ♫


ဘယ်လို စိတ်ကူးတွေကိုမဆို ဘယ်လို Display မှာမဆို Desktop Computer ထဲမှာ ဖြတ်ပြီးပုံဖော်ဖို့ အပြည့်အဝဖြစ်လာနိုင်ခဲ့ပါပြီ။ Laptop ကိုသယ်ပြီး အလုပ်ကို သွားရမှာထက် သင့်ရုံးက Desktop အတွက် အိတ်ထဲဆောင်သွားလို့ ရမယ့် PC က ပိုအဆင်ပြေပါလိမ့်မယ်။

Aminzer W5 Mini PC Windows 10 Computer Stick က Windows 10 PC ရဲ့ drive ထက် အများကြီး ပိုမြန်ပါတယ်။ Feature အနေနဲ့ 1.83 GHz quad-core Intel processor နဲ့ RAM 2GB ပါရှိပါတယ်။ 32 GB flash storage နဲ့ Biuetooth ရော မြန်ဆန်တဲ့ Wifi ပါ,ပါဝင်ပါတယ်။ HDMI port ကို plug တက်လိုက်တာနဲ့ Screen မှာ လုပ်ဆောင်ချက်ပေါ်လာမှာ ဖြစ်ပြီး အလုပ်လုပ်ဖိုက အသင့်ဖြစ်နေမှာပါ။

W5 Mini stick နဲ့ Windows 10 Home Edition OS နဲ့ဆို Run တာလဲမြန်မှာဖြစ်သလို လုပ်ဆောင်မှုလဲ ပိုမိုချောမွေ့မှာ ဖြစ်ပါတယ်။တကယ့်ကို ကောင်းမွန်တဲ့ Computer Stick ဖြစ်ပြီး Media Center တွေနဲ့ ဒါမှမဟုတ် သာမာန် computer တွေမှာပါ သုံးနိုင်ပါတယ်။

Hardware အနေနဲ့ဆို device က ကောင်းပြီး ဈေးချိုတယ်လို့ ပြောလို့ရပါတယ်။USB DISK နဲ့ USB HDD တို့ အတွက် USB port နှစ်ခုပါပြီး HDMI ကြိုးနဲ့ ချိတ်ဆက်အသုံးပြုရမှာ ဖြစ်ပါတယ်။

တစ်စုံဝယ်ယူမယ်ဆို Mini PC Stick တစ်ခု၊Power Adapter တခု၊HDMI Cabel နဲ့ Qucik Start Guide တို့ ပါမှာဖြစ်ပါတယ်။ ၁ နှစ် Warranty ပေးထားပြီး ၁ နှစ်အတွင်း ဖြစ်သမျှကို ကုမ္မဏီက တာဝန်ယူဖြေ ရှင်းပေးပါလိမ့်မယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment