♪ " ရှေ့ကင်မရာရော နောက်ကင်မရာပါ တစ်ပြိုင်တည်း Live လွှင့်နိုင်မည့် Dual-sight နည်းပညာပါဝင်သည့် Nokia 8 " ♫

Image may contain: phone

HMD global က ရှေ့ကင်မရာရော နောက်ကင်မရာပါ တစ်ပြိုင်တည်း Live လွှင့်နိုင်မယ့် Dual-sight နည်းပညာသုံး Nokia 8 ကို မိတ်ဆက်လိုက်ပြီပဲ ဖြစ်ပါတယ်။ ဒီိစမတ်ဖုန်းကို စက်တင်ဘာလမှာ စတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့ ယူရို 600 (မြန်မာငွေကျပ် 9 သိန်းဝန်းကျင်) ရှိမှာ ဖြစ်ပါတယ်။ Nokia 8 ရဲ့ထူးခြားချက်ကတော့ ရှေ့ကင်မရာရော နောက်ကင်မရာကိုပါ Zeiss lens အသုံးပြုထားတာ ဖြစ်ပါတယ်။ လက်ရှိစမတ်ဖုန်းဈေးကွက်ထဲက ဈေးနှုန်းတူ စမတ်ဖုန်းတွေနဲ့ယှဉ်ရင်တောင် Nokia ရဲ့ ကင်မရာက ပိုမိုကောင်းမွန်ပြီး ပေးရတဲ့ဈေးလည်း တန်စေရမယ်လို့ Nokia က ညွှန်းဆိုထားပါသေးတယ်။

Nokia 8 မှာ 5.3 လက်မ IPS display နဲ့ QHD resolution ၊ အလင်းရောင်တောက်ပမှုအမြင့်ဆုံး 700nits အထိ စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ Gorilla glass 2.5D မျက်နှာပြင်ခုံးပါဝင်ပြီး အလူမီနီယံနဲ့ သတ္ထုကိုယ်ထည် ပေါင်းစပ်ထားပါတယ်။ 7.9mm အထူရှိပြီး ပြင်ပရဲ့ဖုန်နဲ့ အခြားဒဏ်ခံနိုင်ရည်အားက IP54 ရှိပါတယ်။ နောက်ကင်မရာကို 13MP dual ကင်မရာတပ်ဆင်ပေးထားပြီး 1.12µm pixels နဲ့ f/2.0 aperture ထောက်ပံ့ပေးထားတဲ့ (color+monochrome) Sensor တွေကို Zeiss ရဲ့ optical engineers တွေက ဖန်တီးပေးထားကြပါတယ်။ 

color ကင်မရာရဲ့ လုပ်ဆောင်နိုင်စွမ်းကို OIS (optical image stabilization) ၊ laser autofocus နဲ့ dual LED flash တို့က ထောက်ပံ့ပေးထားတာကြောင့် အမှောင်ထဲမှာတောင် ကောင်းစွာရိုက်ကူးနိုင်ပါတယ်။ ရှေ့ကင်မရာက တစ်လုံးတည်းဆိုပေမယ့် သူလည်း Zeiss ရဲ့နည်းပညာသုံးထားတဲ့ 13MP sensor (1.12µm pixels) ၊ f/2.0 aperture နဲ့ phase detection autofocus တို့ ရရှိနိုင်မှာဖြစ်ပါတယ်။ Split screen ထည့်သွင်းပေးထားတဲ့ Nokia 8 က ရှေ့ကင်မရာရော နောက်ကင်မရာကိုပါ တစ်ပြိုင်တည်းအသုံးပြုပြီး YouTube နဲ့ facebook တို့မှာ live streaming ပြုလုပ်နိုင်မှာပါ။ HMD ကတော့ ဒါကို Dual-sight နည်းပညာလို့ ဆိုထားပါတယ်။ Nokia 8 မှာပါဝင်တဲ့ ကင်မရာနည်းပညာကို ထပ်မံခွဲခြမ်းကြည့်မယ်ဆိုရင် ရုပ်ထွက်ပိုင်းတင်မကဘဲ အသံကလည်း 360° ပတ်လည် အသံရရှိမှာ ဖြစ်ပါတယ်။ 4K ရုပ်ထွက်နဲ့ ရိုက်ကူးတဲ့ video တွေရဲ့ အသံမျိုးပေးစွမ်းနိုင်ပြီး ဒါဟာ OZO audio ရဲ့ အစွမ်းပါပဲ။ 

Snapdragon 835 chipset အသုံးပြုထားပြီး google photo တွေကို ဖုန်းထဲမှာ default gallery app အဖြစ်နဲ့ သိမ်းပေးဖို့လည်း google နဲ့ ပူးပေါင်းထားပါသေးတယ်။ ဒါ့အပြင် ဓာတ်ပုံနဲ့ video တွေကို သိမ်းဖို့ unlimited cloud storage လည်း ရရှိနိုင်ဦးမှာပါ။ ROM 64GB ကို micro SD ကတ် တိုးချဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စတင်ရောင်းချချိန်မှာ Android 7.1 ဖြစ်နိုင်ခြေရှိပေမယ့် အသစ်ထွက်ရှိလာမယ့် Android OS ကိုလည်း အလွယ်တကူ update ရရှိနိုင်မယ့်ပုံပါပဲ။




#gsmarena.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
www.pyaephyo.com



0 comments:

Post a Comment