♪ Asus က အရှေ့ ကင်မရာ ၂ လုံးစီပါတဲ့ ZenFone Selfie နဲ့ Selfie Pro တို့ကို ကြေညာ ♫


Asus က Selfie အသားပေး ZenFone 4 Selfie နဲ့ Selfie Pro တို့ကို ကြေညာလိုက်ပါတယ်။ ZenFone 4 Selfie မှာ ၅.၅ လက်မ Full HD Display , Snapdragon 430 Processor , 4GB RAM, 64GB Storage များ ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 16MP Camera တစ်လုံးသာ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 20MP Main Camera နဲ့ မြင်ကွင်းကျယ် 8MP Camera များ တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ LED Flash တစ်လုံးလည်း ပါပါတယ်။ Dual SIM Support , Fingerprint Scanner, 3000mAh Battery များ ပါပြီး အနက်၊ အစိမ်း၊ ပန်းနှင်းဆီနဲ့ ရွှေရောင်များ ထုတ်လုပ်ထားပါတယ်။

ZenFone 4 Selfie Pro မှာ ၅.၅ လက်မ Full HD AMOLED Display , Snapdragon 625 Processor , 3GB or 4GB RAM, 64GB Storage များ ထည့်သွင်းထားပါတယ်။ အရှေ့ဘက်မှာ 24MP DuoPixel Camera နဲ့အတူ မြင်ကွင်းကျယ် ကင်မရာ တစ်လုံး ပါပါတယ်။

ကင်မရာများက 4K Video များကို ရိုက်ကူးပေးနိုင်ပါတယ်။ Dual SIM Support , Fingerprint Sensor , 3000mAh Battery များ ထည့်သွင်းထားပြီး အနက်၊ ရွှေနဲ့ အနီရောင်များ ထုတ်လုပ်ပေးထားပါ တယ်။ ဈေးနှုန်းများကိုတော့ မသိရသေးပါဘူး။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment