နည်းပညာက ဘာသာစကား အခက်အခဲကို ဖြေရှင်းပေးနိုင်လာပါပြီ။ ကမ္ဘာ့ထိပ်တန်း
နည်းပညာ ကုမ္ပဏီများ ဖြစ်တဲ့ Google , Microsoft တို့ အပါအ၀င်
ကုမ္ပဏီများစွာက ဘာသာပြန် Apps များကို ဖန်တီးပေးထားကြပါတယ်။ ယခုနှစ်ရဲ့
အကောင်းဆုံး ဘာသာပြန် App များကို အောက်မှာ လေ့လာပါ။
၁။ Google Translate
Platforms: Android, iOS | Languages supported: 103 | Features: Conversation mode, camera mode, tap to translate
Google ရဲ့ ဘာသာပြန် App ကို Android , iOS တို့အတွက် အခမဲ့ ထုတ်လုပ်ပေးထားပြီး အစွမ်းထက်ပါတယ်။ အင်္ဂလိပ်ကနေ အခြား ဘာသာစကား ၃၀ ကို ဘာသာပြန်ပေးနိုင်ပါတယ်။ စာသားများကနေ ဘာသာပြန်ပေးနိုင်တဲ့အပြင် Tap to translate စွမ်းဆောင်ချက်လည်း ပါပါတယ်။ ဘာသာခြားတစ်ဦးနဲ့ တိုက်ရိုက် စကားပြောနိုင်တဲ့ Conversation Mode လည်း ပါပြီး အဲဒီ စွမ်းဆောင်ချက်က ဘာသာစကား ၃၂ မျိုးကို ထောက်ပံ့ပါတယ်။ Offline ဖြစ်နေရင်တောင် သူက ဘာသာစကား ၅၂ မျိုးကို ဘာသာပြန်ပေးနိုင်ပါတယ်။ ဆိုင်းဘုတ်များ၊ စားသောက်ဆိုင်မှ Menu များလို ပုံနှိပ်ထားတဲ့ စာသားများကို ကင်မရာဖြင့် ချိန်ရွယ်လိုက်တာနဲ့ ဘာသာပြန်ပေးတဲ့ စွမ်းဆောင်ချက်က အလွန် အံ့မခန်း ဖြစ်ပြီး ဘာသာစကား ၃၀ ကို ထောက်ပံ့ပါတယ်။ ပါးစပ်ကနေ ပြောလိုက်တဲ့ စကားများကိုလည်း သူက ဘာသာပြန်ရာမှာ အလွန် တိကျပါတယ်။
၂။ Microsoft Translator
Platforms: Android, iOS, Windows | Languages supported: 60+ | Features: Conversation mode, camera mode, group chats
Microsoft Translator က ဘာသာစကား ၆၀ ကျော်ကို ထောက်ပံ့ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပြီး ပါးစပ်ကနေ ပြောလိုက်တဲ့ စကားများကို ဘာသာပြန်ပေးနိုင်ပါတယ်။ သူ့မှာလည်း ဘာသာခြား တစ်ဦးနဲ့ တိုက်ရိုက် စကားပြောနိုင်တဲ့ Split-Screen Mode ပါပါတယ်။ Camera Mode က ပုံနှိပ်စာသားများကို ဘာသာပြန်ပေးနိုင်ပေမယ့် Google Translate လောက် အစွမ်းမထက်ပါဘူး။ Group Chat များမှာ ဘာသာပြန်ပေးနိုင်တဲ့ စွမ်းဆောင်ချက်က ထူးခြားပါတယ်။ Offline အသုံးပြုနိုင်အောင် Language Packs များကို ဒေါင်းလုပ်လုပ်ထားနိုင်ပါတယ်။
၃။ iTranslate
Platforms: Android, iOS, Windows, Mac | Languages supported: 92 | Features: Offline mode, real-time conversations
iTranslate က ဘာသာစကား ၉၂ ခုကို ဘာသာပြန်ပေးနိုင်ပြီး အသံထွက် ဖတ်ပြပေးတဲ့ Text-to-speech စွမ်းဆောင်ချက်က ဘာသာစကား ၄၂ ခုကို ထောက်ပံ့ပါတယ်။ သူက ဘာသာပြန်ထားမှုများကိုလည်း သိမ်းထားပေးနိုင်တဲ့အတွက် နောက်ပိုင်းမှာ ပြန်လည် ရှာဖွေနိုင်ပါတယ်။ သင် နှစ်သက်တဲ့ စကားစုများကို Favorite အဖြစ် သတ်မှတ်ထားနိုင်ပါတယ်။ သူ့ကို အခမဲ့ အသုံးပြုနိုင်ပေမယ့် အခပေး ဗားရှင်းမှာသာ အချိန်နဲ့ တစ်ပြေးညီ ဘာသာပြန်ပေးခြင်း၊ Offline အသုံးပြုနိုင်ခြင်းများ ပါရှိပါတယ်။
၎။ TripLingo
Platforms: Android, iOS | Languages supported: 23 | Features: Camera mode, live translation, phrasebook, travel tips
သူကတော့ အခြား ဘာသာပြန် App များထက် ထူးခြားပြီး ခရီးသွားခြင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို ပံ့ပိုးပေးထားပါတယ်။ သူက အသံထွက် ဘာသာပြန်ပေးခြင်းအတွက် ဘာသာစကား ၂၃ ခုကို ထောက်ပံ့ပြီး ဘာသာခြားများနဲ့ တိုက်ရိုက် စကားပြောနိုင်ပါတယ်။ Image Translator က ပုံနှိပ်စာသားများကို ဓါတ်ပုံ ရိုက်ကူးခြင်းဖြင့် ဘာသာပြန်ပေးနိုင်ပါတယ်။ သူက Slang များ၊ ၀ါကျများ၊ စကားစုများ အားလုံးကို ဘာသာပြန်ပေးပါတယ်။ သူ့မှာ အရေးပေါ် ဖုန်းနံပါတ်များ၊ သံရုံး ဖုန်းနံပါတ်များ ထည့်သွင်းပေးထားပါတယ်။ ခရီးသွားသူများအတွက် TripLingo က ဆောင်ထားသင့်တဲ့ Translator App ဖြစ်ပါတယ်။

Credit to ==> Digital Times
0 comments:
Post a Comment