♪ “အနောက်ကင်မရာ နှစ်လုံးပါတဲ့ Samsung Galaxy J7+” ♫

Image may contain: phone and text

Galaxy J7 (2017) ရဲ့ အနောက်ကင်မရာ နှစ်လုံးပါတဲ့ မော်ဒယ်ကို Galaxy J7+ လို့ အမည်ပေးထားမှာ ဖြစ်ပါတယ်။ အဲဒီစမတ်ဖုန်းရဲ့ သတင်းအချက်အလက်များထိုင်းနိုင်ငံကနေပေါက်ကြားထွက်ပေါ်လာပါတယ်။ အဲဒီစမတ်ဖုန်းကိုမကြာခင်မှာရောင်းချပေးတော့မှာ ဖြစ်ပါတယ်။

Galaxy J7+ ရဲ့ အနောက်ဘက်မှာ 13MP Camera နဲ့ 5MP Camera နှစ်လုံးတပ်ဆင်ထားမှာ ဖြစ်ပါတယ်။ အနောက်ကင်မရာ နှစ်လုံးက Galaxy Note 8 မှာလို Live Focus Portrait Mode ကိုပံ့ပိုးပေးနိုင် ပါတယ်။ အရှေ့ဘက်မှာ 16MP Selfie Camera တစ်လုံးထည့်သွင်း ထားပါတယ်။

Galaxy J7+ မှာ Bixby Digital Assistant လည်းထည့်သွင်းထားပြီး ဘယ်ဘက်မှာ Bixby Button တပ်ဆင်ပေးထားပါတယ်။ သူ့မှာ ၅.၅ လက်မ Super AMOLED Full HD Display , Octa-Core Chipset , 4GB RAM များထည့်သွင်းထားပါတယ်။ Chipset ဟာ Galaxy J7 (2017) ရဲ့ Exynos 7870 ဖြစ်နိုင်ပါတယ်။

32GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ လက်ဗွေရာအာရုံခံကိရိယာလည်းပါပါတယ်။ 3000mAh Battery နဲ့ Dual-SIM Support လည်းပါပါတယ်။ Galaxy J7+ ကိုမကြာခင် ထိုင်းမှာရောင်းချပေးတော့မှာပါ။ အနက်၊ ရွှေနဲ့ ပန်းရောင်များထုတ်လုပ် ပေးထားပြီးဈေးနှုန်းကိုမသိရသေးပါဘူး။ 



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment