♪ " Android 8.0 Oreo အသုံးပြုနိုင်မယ့် စမတ်ဖုန်းစာရင်း " ♫

Image may contain: text

Google က Android Oreo ရဲ့ တရားဝင်ဆော့ဖ်ဝဲဗားရှင်းကိုGoogle က ကြေငြာလိုက်ပြီပဲ ဖြစ်ပါတယ်။ Android 8.0 Oreo ကို Google Pixel ၊ Nexus 5X ၊ Nokia 8 ၊ Samsung ၊ Essential PH-1 နဲ့ အခြားစမတ်ဖုန်းတွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Android Oreo ကို Android 8.0 ဗားရှင်းလို့ သိထားကြပြီး ဖြစ်ပါတယ်။ သို့ပေမယ့်လည်း Android ဖုန်းအားလုံး Android Oreo ကို ရရှိမှာမဟုတ်ပါဘူး။ လက်ရှိအချိန်ထိ စမတ်ဖုန်းတော်တော်များများမှာတော့ Android M (android marshmallow) ကို ရရှိနေတာဖြစ်ပြီး ဒါကို 2015 ခုနှစ်လောက်က မိတ်ဆက်ခဲ့တာဖြစ်တာကြောင့် 2 နှစ်နီးပါးလောက်တော့ ရှိပါပြီ။

2017 သြဂုတ်လထဲမှာတော့ Android Nougat 7.1 ကို စမတ်ဖုန်း 1.2% မှာ ရရှိလာခဲ့ပြီး Android Nougat 7.0 ကိုတော့ 12.3% သော စမတ်ဖုန်းတွေမှာ ရရှိခဲ့တာဖြစ်ပါတယ်။ Android Marshmallow ကိုတော့ စမတ်ဖုန်း 32.3% မှာ ရရှိတာဖြစ်ပြီး Android Lollipop version 5.1 ကတော့ စမတ်ဖုန်း 21.8% ကျော်ထိ ရရှိနေတာဖြစ်ပြီး Lollipop version 5.0 ကတော့ 7.4%သော စမတ်ဖုန်းတွေမှာ အသီးသီးရရှိခဲ့ကြတာ ဖြစ်ပါတယ်။ Lollipop နဲ့ Marshmallow Version တွေက Android platform အတွက် အကောင်းဆုံးမဖြစ်တော့ပေမယ့် ဈေးကွက်မှာ ဆက်လက်ရပ်တည်နေ ဆဲပါပဲ။

Google Pixel ၊ Pixel XL ၊ Nexus 5X ၊ Nexus 6P ၊ Nexus Player နဲ့ Pixel C tablet အစရှိတဲ့ စမတ်ဖုန်းတွေက Android O public beta ရရှိခဲ့တဲ့ စမတ်ဖုန်းတွေဖြစ်တာကြောင့် လက်ရှိအချိန်မှာ setting ထဲကနေ အလွယ်တကူရယူပြီး Android O ဗားရှင်းအဖြစ် အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Google အနေနဲ့ Android O ရရှိမှုကို HMD ရဲ့ Nokia စမတ်ဖုန်းတွေအတွက်လည်း အသုံးပြုခွင့်ပေးထားပြီး Nokia 8 က ပထမဆုံး ရရှိပါလိမ့်မယ်။ ဒါ့အပြင် Nokia 6 ၊ Nokia 5 နဲ့ Nokia 3 စမတ်ဖုန်းတွေအတွက်လည်း ရရှိနိုင်မယ်လို့ google က ကတိပြုထားပါတယ်။ Android ပူးတွဲတည်ထောင်သူ Andy Rubin ရဲ့ကုမ္ပဏီသစ် Essential ကထုတ်တဲ့ စမတ်ဖုန်းတွေထဲက Essential PH-1 မှာလည်း Android O ရရှိပါလိမ့်မယ်။

ဒါ့အပြင် Samsung ၊ Huawei ၊ General Mobile ၊ HTC ၊ Kyocera ၊ LG ၊ Motorola ၊ Sharp နဲ့ Sony အစရှိတဲ့ စမတ်ဖုန်းတွေလည်း google ရဲ့ list မှာ ပါဝင်နေပါသေးတယ်။ Samsung ရဲ့ galaxy S8 series နဲ့ S7 series တွေမှာ upgrade ရရှိမှာဖြစ်ပြီး Note 8 မှာလည်း Android O နဲ့ထွက်ရှိလာမယ်လို့ သိရပါတယ်။ ဒါ့အပြင် HTC U11 နဲ့ Sony Xperia XZ premium စမတ်ဖုန်း၊ OnePlus 3 ၊ OnePlus 3T နဲ့ နောက်ဆုံးထွက် OnePlus 5 စမတ်ဖုန်းတွေမှာလည်း Android O update ရရှိဖို့ အသေအချာပါပဲ။ ဒီစမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့လည်း ကုမ္ပဏီတစ်ခုချင်းစီအလိုက် သူတို့ရဲ့စမတ်ဖုန်းတွေ Oreo update ရရှိမယ့်နေ့ကို ကြေငြာပေးကြပါလိမ့်မယ်။


#indianexpress.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment