♪ ၁၈၀,၀၀၀/- ကျပ်ဝန်းကျင်သာ ရှိသော “Huawei Y5 (2017)” အကြောင်း ♫

Image may contain: 1 person, smiling, standing, shoes and text

Huawei ဟာ ထိပ်တန်းဖုန်းသုံးစွဲချင်သူများအတွက် P10 နှင့် P10 Plus ကဲ့သို့သော ဖုန်းအကောင်းများကို ထုတ်လုပ် ဖြန့်ချိထားပြီး အလယ် အလတ်ဟန်းဆက်သုံးချင်သူများအတွက်ကတော့ GR5 ဖုန်းများကို ရောင်းချပေး ထားပါတယ်။ တန်ဖိုး သက်သာသော ဟန်းဆက်ကို ရွေးချယ်ချင်သူများအတွက် Y Series ဟန်းဆက်များစွာကို ထုတ်လုပ် ရောင်းချပေးထားပါတယ်။ Huawei ရဲ့ Y Series များဟာ Y3, Y5, Y6, Y7 ဆိုပြီး အမျိုးအစားများစွာရှိကာ ဖုန်းအချို့ကတော့ ၂၀၁၆ ခုနှစ်ထုတ် ဟန်းဆက်များဖြစ်ပါတယ်။ အခုအခါ ၂၀၁၇ ခုနှစ်ထုတ် ဟန်းဆက် များကိုလည်း ထုတ်လုပ် ရောင်းချပေးထားပြီဖြစ်ပါတယ်။ Y5 တွင် Y5II နှင့် Y5 (2017) ဆိုပြီး အမျိုးအစားကွဲဟန်းဆက်များရှိပြီး ဖုန်းများရဲ့ ကွဲပြားခြားနားသွားသောစွမ်းရည်မှာ Camera, RAM ပမာဏ, OS နှင့် ဘက်ထရီအပိုင်းတို့ဖြစ်ပါတယ်။ Y5II ဟာ Quad-core 1.3GHz စွမ်းရည်ရှိသော CPU ပါရှိကာ RAM ပမာဏကိုတော့ 1GB ထည့်သွင်း ပေးထားပါတယ်။ Lollipop OS ကို သုံးစွဲနိုင်မှာဖြစ်ပြီး၊ အားသွင်းရမယ့် ဘက်ထရီမှာ Li-Ion 3000mAh ဖြစ်ပါတယ်။

Y5 (2017) ကို ၂၀၁၇ ခုနှစ်၊ ဇွန်လက ထုတ်လုပ်ပေးထားခြင်းဖြစ်ပြီး Y5III လို့လည်း ခေါ်ဆိုနိုင်ပါတယ်။ ဖုန်းရဲ့ထောင့်စွန်းများဟာ အ၀န်း အ၀ိုက်ပုံစံရှိပြီး ဖုန်းရဲ့အဓိက ကင်မရာကို အနောက်ဘက်အလယ် တည့်တည့်တွင် တပ်ဆင်ပေးထားပါတယ်။ ထောက်ပံ့ပေးမယ့် Network အမျိုးအစားကတော့ 2G, 3G, 4G ဖြစ်ပါတယ်။ ဖုန်းကိုယ်ထည် အရွယ်အစားပမာဏကတော့ 143.8x72x8.4 mm ဖြစ်ကာ ဖုန်းရဲ့ အလေးချိန်မှာ 150g ရှိပါတယ်။ ဆင်းကတ်နှစ်ကတ် ထည့်သွင်း အသုံးပြုနိုင်မယ့် ဖုန်းအမျိုးအစားဖြစ်ခြင်းကြောင့် သုံးစွဲသူများအတွက် များစွာအဆင်ပြေစေပါမယ်။ အလုပ်ကိစ္စနှင့် ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်၍ ခွဲခြားအသုံးပြုချင်သူများ၊မတူညီသော Operator များရဲ့ ဆင်းကတ်များကို ထည့်သွင်း အသုံးပြုချင်သူများအတွက် အဆင်ပြေစေ ပါလိမ့်မယ်။ ဖုန်းမျက်နှာပြင်အတွက် အသုံးပြုပေးထားသော touchscreen အမျိုးအစားကတော့ IPS LCD capacitive ဖြစ်ပါတယ်။ ဖုန်းရဲ့မျက်နှာပြင်အကျယ်အ၀န်းဟာ 5 inches ရှိသောကြောင့် မကျဉ်းမကျယ်သော အနေအထားရှိပါတယ်။ လူအများစု ကြိုက်နှစ်သက် သော screen size အမျိုးအစားလည်းဖြစ်ပါတယ်။ ပုံထွက်ကောင်းမွန် စေရန်အတွက် ဖုန်း၏မျက်နှာပြင်တွင် 720x1280 pixels ပမာဏ ထည့်သွင်းပေးထားပါတယ်။ တစ်လက်မမှာ ရှိမယ့် pixel ပမာဏ သိပ်သည်းဆကတော့ 294 ppi ပါ။ Multi-touch စနစ်တွင် Emotion UI 4.1 ကို သုံးစွဲနိုင်ပါမယ်။ 

ကင်မရာ နှစ်မျိုးနှစ်စားတပ်ဆင်ပေးထားပြီး Dual LED Flash နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် အဓိက,ကင်မရာဟာ 8MP, f/2.0 စွမ်းရည်ရှိပြီး Geo-tagging, touch focus, face detection စသော ကင်မရာ ဆက်စပ်ပတ်သက်စနစ်များလည်း အသုံးပြုနိုင်ပါမယ်။ ရှေ့ကင်မရာငယ် ဟာ 5MP စွမ်းရည်ရှိကာ LED Flash လည်း တပ်ဆင်ပေးထားပါတယ်။ ထိုသို့အရှေ့ဘက်တွင် LED Flash ပါရှိသောကြောင့် Selfie ရိုက်ကူး သည့် အခါတွင် တောက်ပသောအလင်းရောင်ကို ရရှိမှာဖြစ်ပြီး ပုံရိပ်များ ဟာလည်း ကြည်လင် ကောင်းမွန်နေမှာဖြစ်ပါတယ်။ အရှေ့ဘက်တွင် LED Flash ပါရှိသော စမတ်ဖုန်းများကို သုံးစွဲသူများက အခုအခါ ပိုမိုကြိုက်နှစ်သက်လာခြင်းကြောင့် တရုတ်နိုင်ငံထုတ်အခြားသော စမတ်ဖုန်းများဟာလည်း Selfie ရိုက်ကူးမှုစွမ်းရည်များကို ပိုမိုကောင်းမွန် အောင် အသားပေးထုတ်လုပ်လာကြပါတယ်။ ဆက်သွယ်ရေးစနစ် အပိုင်းတွင် Wifi 802.11 b/g/n, Hotspot နှင့် Bluetooth Version မှာ 4.0, A2DP, LE ဖြစ်ပါတယ်။ GPS စနစ်လည်း ထောက်ပံ့ပေးထားပြီး ရေဒီယိုစနစ်လည်း ပါရှိပါတယ်။ USB ကတော့ Micro USB 2.0 အမျိုး အစားပါ။ Sensor စနစ်အပိုင်းတွင် Accelerometer, proximity, compass စသော စနစ် များပါရှိပါတယ်။ မှတ်ဥာဏ်ပမာဏအပိုင်းတွင် RAM 2GB ပါရှိကာ Internal Storage မှာ 16GB ဖြစ်ပါတယ်။ အဆိုပါ ဖုန်းတွင်း မှတ်ဥာဏ်ပမာဏဟာ အချက်အလက်အများအပြား သိမ်းဆည်းနိုင်ဖို့အတွက် မလုံလောက်ပါဘူး။ ထို့ကြောင့် Card Slot စနစ် လည်း ထောက်ပံ့ပေးထားပြီး SD Card အသုံးပြု၍တိုးချဲ့နိုင်ဖို့ အများဆုံး မှတ်ဥာဏ်ပမာဏမှာ 128GB ဖြစ်ပါတယ်။

အသုံးပြုနိုင်မယ့် OS အမျိုးအစားကတော့ MarshMallow ဖြစ်ပြီး၊ ထည့်သွင်းပေးထားသော Chipset မှာ MediaTek MT-6737T ပါ။ CPU စွမ်းရည်မှာ Quad-core 1.4GHz Cortex-A53 ဖြစ်သောကြောင့် ဖုန်းကိုအသုံးပြုသည့်အခါတွင် တုံ့ပြန်မှုကောင်းမွန်ပါလိမ့်မယ်။ GPU အမျိုးအစားကတော့ Mali-T70MP2 ပါ။ အားသွင်းအသုံးပြုရမယ့် Battery အမျိုးအစားမှာ Li-Ion 3000mAh ဖြစ်ခြင်းကြောင့် ဖုန်းအသုံးပြု ရာတွင် အချိန်ကြာမြင့်စွာ ခံနိုင်စွမ်းရှိပါလိမ့်မယ်။ Y5 (2017) ကို လှပသော အရောင် ၅ မျိုးခန့်ဖြင့်လည်း ထုတ်လုပ်ပေးထားခြင်းကြောင့် သုံးစွဲသူများအနေဖြင့် မိမိကြိုက်နှစ်သက်သောအရောင်ကို ရွေးချယ် ၀ယ်ယူနိုင်ပါမယ်။ Y5 (2017) ရဲ့ ဈေးနှုန်းတန်ဖိုးဟာ ၁၈၀,၀၀၀/- ကျပ်ဝန်းကျင်သာ ရှိသောကြောင့် လူအများစု ရွေးချယ်ဝယ်ယူနိုင်သော ဖုန်းအမျိုးအစားဖြစ်ပါတယ်။




Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment