♪ Facebook App ကနေ ၃၆၀ ဒီဂရီ ဓါတ်ပုံများ ရိုက်ကူးနိုင်ပြီ ♫


Facebook မှာ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို တင်နိုင်အောင် ဖန်တီးပေးလိုက် ကတည်းက ယခုအချိန်အထိ ၃၆၀ ဒီဂရီ ဓါတ်ပုံပေါင်း သန်း ၇၀ ကို ပို့စ်တင်ခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီ ဓါတ်ပုံများကို Facebook Camera ကနေ ဖန်တီးနိုင်ခြင်း မရှိခဲ့ပါဘူး။ အခုတော့ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ချက်ကို Facebook App မှာ ထည့်သွင်းပေးလိုက်ပါတယ်။

အရင်တုန်းကတော့ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ဖန်တီးဖို့အတွက် အခြား App များကို အသုံးပြုရပါတယ်။ ဖန်တီးပြီးမှ အဲဒီ ဓါတ်ပုံများကို Facebook မှာ Upload ပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အခုတော့ Facebook App မှာတင်ပဲ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို ဖန်တီး၍ ပို့စ်တင်နိုင်ပါပြီ။

Facebook App ကနေ ၃၆၀ ဒီဂရီ ဓါတ်ပုံများ ဖန်တီးဖို့အတွက် News Feed ရဲ့ ထိပ်မှ Update Status Icon အနားမှ 360 Photo Icon ကို နှိပ်ရမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာ အပြာရောင် ခလုတ်ကို နှိပ်ပြီး Panorama Image ကို ရိုက်ကူးရမှာ ဖြစ်ပါတယ်။ ဓါတ်ပုံအတွက် သင် နှစ်သက်တဲ့ အစမှတ်ကို ရွေးချယ်ပြီး ရင်တော့ Facebook မှာ ပို့စ်အဖြစ် တင်နိုင်ပါပြီ။

၃၆၀ ဒီဂရီ ဓါတ်ပုံများ တင်နိုင်တဲ့ စွမ်းဆောင်ချက်ကို Android , iOS များအတွက် ထုတ်လုပ်ထားတဲ့ Facebook Apps များမှာ ထည့်သွင်းပေးထားပါတယ်။ ၃၆၀ ဒီဂရီ ဓါတ်ပုံများကို Cover Photo အဖြစ်လည်း သတ်မှတ်ထားနိုင်ပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment