♪ Xiaomi က 3GB RAM ပါတဲ့ Redmi 4a Model အသစ်ကို မိတ်ဆက် ♫


ရှောင်မီက မူလ Redmi 4a ထက် စွမ်းရည်အနည်းငယ် မြင့်မားတဲ့ မော်ဒယ် အသစ်တစ်လုံးကို အိန္ဒိယမှာ မိတ်ဆက်လိုက်ပါတယ်။ မူလ မော်ဒယ်မှာ 2GB RAM ထည့်သွင်းထားပြီး မော်ဒယ် အသစ်မှာ 3GB RAM ဖြင့် အဆင့်မြှင့်တင်ထားပါတယ်။ ဒါ့အပြင် မော်ဒယ် အသစ်မှာ 32GB Internal Storage ထည့်သွင်းထားပါတယ်။

မော်ဒယ် အသစ်ကို သြဂုတ်လ ၃၁ ရက်နေ့မှာ စတင် ရောင်းချမှာ ဖြစ်ပြီး အိန္ဒိယ ရူပီး ၇၀၀၀ သတ်မှတ်ထားပါတယ်။ မြန်မာငွေ အားဖြင့် ၁၅၀ ၀၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။ မူလမော်ဒယ်ကို Amazon India ကနေသာ ရူပီး ၆၀၀၀ ဖြင့် ရောင်းချပေးနေခြင်း ဖြစ်ပြီး မြန်မာငွေ အားဖြင့် ၁၂၅ ၀၀၀ ၀န်းကျင် ကျသင့်ပါတယ်။ မော်ဒယ် အသစ်ကိုတော့ Mi.com , Flipkart, PayTM, TataCLIQ, Amazon India တို့ ကနေ ရောင်းချပေးမှာ ဖြစ်ပါတယ်။

မော်ဒယ် အသစ်ရဲ့ အခြား Specifications များဟာ မူလမော်ဒယ်နဲ့ တူညီပါတယ်။ မော်ဒယ် အသစ်မှာ ၅ လက်မ HD Display တပ်ဆင်ထားပါတယ်။ Qualcomm Quad-Core Snapdragon 425 Chipset မောင်းနှင်မှာ ဖြစ်ပါတယ်။ 256GB အထိ ၀င်ဆန့်တဲ့ microSD Card စိုက်နိုင်ပါတယ်။ Hybrid SIM Slot တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Camera နဲ့ အရှေ့ဘက်မှာ 5MP Camera များ တပ်ဆင်ထားပါတယ်။ 3120mAh Battery ကို အသေတပ်ဆင်ထားပါတယ်။ ရွှေ၊ နှင်းဆီရွှေနဲ့ အညိုရောင်များ ထုတ်လုပ်ပေးထားပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment