♪ “ အမေးများသော မိုဘိုင်းဖုန်းဆိုင်ရာ ပြဿနာများ ” ♫

Image may contain: one or more people and text

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Huawei G6 ပါ။ ဖုန်းကတော့ တစ်ခါရေ၀င်ဖူးထားတယ်။ သုံးလို့တော့ ရသေးတယ်။ ဒါပေမဲ့ Charging ကြိုးထိုးထားလိုက်ရင် အရမ်းပူလာပါတယ်။ ဘယ်လိုဖြစ်တာလဲဆိုတာ ရှင်းပြ ပေးပါအစ်ကို။
ဖြေ - ဟုတ်ကဲ့။ ရေတစ်ခါဝင်ဖူးထားပြီးသုံးလို့ရပေမယ့် ဖုန်းအတွင်း ပိုင်းဆားကစ်ပြားကတော့ ရေဂျိုးကိုက်နေ တာပါ။ ပြီးတော့ အားသွင်းရင်အရမ်းပူတာကတော့ Charging လမ်းကြောင်းမှာ Shock ကျနေတာပါအစ်ကို။ နီးစပ်ရာ Service ဆိုင်ကိုသာပြလိုက်ပါအစ်ကို။

မေး - ကျွန်တော့်ဖုန်း Mi 5s ကို Themes Font သွင်းတာ Reboot ကျသွားပြီး ပြန်တက်လာရင် မြန်မာစာ ပျောက်ပျောက်သွားတယ်။ ဘယ်လိုပြင်ရမလဲ။ MIUI 8.2 ပါခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ Xiaomi ဖုန်းတွေမှာ mtz Font သွင်းတဲ့အခါ ယခုလို Error မျိုး ကြုံရတတ်ပါတယ်။ MIUI 8.2 မှာ အဖြစ်များပါတယ်။ အကြောင်းရင်းကတော့ မိမိရဲ့ Mi Account ကြောင့်ပါ။ Mi Account က Designer Account လျှောက်မထားရင် Stable မဖြစ်ဘဲ ယခုလိုပဲ Font ပျောက်တဲ့ Error တက်နိုင်ပါတယ်။ ဒါကြောင့် Mi Designer Account လျှောက်ရပါမယ်။ Mi Designer Account လျှောက်ဖို့ Mi Account တော့ ရှိရပါမယ်။ Mi Account နဲ့designer.xiaomi.com မှာ Mi Designer Account လျှောက်လိုက်ပါ။ ပြီးရင် မိမိထည့်ထားတဲ့ Font.mtz နဲ့ ပြန်ချိန်းရင် အဆင်ပြေသွားပါလိမ့်မယ်ခင်ဗျာ။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက LCD က အလင်းသိပ်မထွက်ဘူး။ မှိန်နေတယ်။ အကုန်လုံးသုံးလို့ရနေ သေးတယ်။ အလင်းမှိန်မှိန်လေးပဲဖြစ်နေတာ ဘာဖြစ်လို့လဲမသိဘူး။ ရှင်းပြပါဦးအစ်ကို။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့ဖုန်းက အလင်းမှိန်တာက ဖုန်းအတွင်းပိုင်း Circuit ပတ်လမ်းက LCD ကို အလင်းထုတ်ပေးတဲ့ Backlight လမ်းကြောင်းမကောင်းလို့ဖြစ်တာပါ။ နီးစပ်ရာ Service ဆိုင်ကိုပြလိုက်ပါအစ်ကို။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက အားသွင်းကြိုးထိုးမှ သုံးလို့ရတယ်ဗျာ။ ဘယ်လိုဖြစ်တာလဲမသိဘူး။ ကူညီပါဦး။
ဖြေ - ဟုတ်ကဲ့။ အစ်ကို့အားသွင်းခေါင်းကသော်လည်းကောင်း၊ အားသွင်းကြိုးကသော်လည်းကောင်း မကောင်း ရင်ဖြစ်တတ်ပါတယ်။ နီးစပ်ရာ Service ဆိုင်ကို ပြလိုက်ပါအစ်ကို။

မေး - အစ်ကို ကျွန်တော့်ဖုန်းလေး Root လုပ်လိုက်တယ်။ Setting ထဲမှာ လေးထောင့်တုန်းလေးတွေပဲ ပေါ်နေတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲအစ်ကို ။ Lenovo ဖုန်းပါ။ 
ဖြေ - များသောအားဖြင့် ဒီ Error က Root ဖောက်လိုက်လို့ ဖြစ်တာမဟုတ်ပဲ Root လုပ်ပြီး Myanmar Font Changer တစ်ခုခုနှင့်မှားပြီး Change မိသောကြောင့်ဖြစ်သည်။ ထို Error မျိုးဖြစ်လျှင် MMAIO / MMSD လိုမျိုး Font Changer များတွင် Original Restore မှ ပြန်ချိန်းနိုင်ပါတယ်။

မေး - မင်္ဂလာပါခင်ဗျာ။ သိချင်တာလေးတစ်ခုလောက်မေးချင်လို့ပါ။ CDMA Sim Card နှင့် သုံးလို့ရတဲ့ဖုန်းလေး တွေ ပြောပြပေးပါလား။
ဖြေ - ဟုတ်ကဲ့ခင်ဗျာ။ Huawei တွေထဲမှာဆိုရင် C8813 / Y635 / 730-C00 တို့ ... အလွယ်ပြောရရင် ဖုန်း၏နောက်ကျောမှ Meid / IMEI ဆိုပြီးရှိပါတယ်။ MEID ဆိုပြီး AOOOOO နှင့်စသော Number ပါလျှင် CDMA Sim သုံးလို့ရပါတယ်။ Call Difa မှ *#06# ဖြင့်လည်း စစ်ဆေးနိုင်ပါတယ်။

မေး - အစ်ကိုရေ ကျွန်တော့်ဖုန်းက Samsung Note III ပါ။ အားသွင်းမရလို့ပါ။ ဘယ်လိုလုပ်ရမလဲဗျ။
ဖြေ - အရင်ဆုံး Charger ကြိုးလဲကြည့်ပါ။ Charger ကြိုးလဲလို့အဆင်မပြေဘူးဆိုရင် USB ခေါင်းမှာ 5V ရောက်မရောက်တိုင်းကြည့်ပါ။ 5V ရောက်တယ်ဆိုရင် USB ခေါင်းနားလေးက Component လေးတွေကို တိုင်း ပါဗျ။ အဆင်မပြေဘူးဆိုရင်တော့ Power IC ကို လဲရပါမယ်။

မေး - ကျွန်တော့်ဖုန်းက Ooredoo Card နဲ့ Telenor Card ခဏခဏပြောင်းသုံးနေပါတယ်။ အခု MPT Card ထည့်သုံးတော့လိုင်းမမိတော့ဘူးဗျ။ အဲ့တာ ဘယ်လိုလုပ်ရမလဲ။
ဖြေ - အစ်ကို့ဖုန်းက C and G နှစ်ကတ်သုံးဆိုရင်တော့ အရင်ဆုံး Farmware အရင်ရေးကြည့်သင့်ပါတယ်။ GSM တစ်ကတ်သုံးဖုန်းတွေမှာဆိုရင်တော့ Network အတွက် အလုပ်လုပ်ပေးတဲ့ PA IC ကြောင့် ဖြစ်တတ်ပါ တယ်။ Sim Card တွေကို အဲ့လိုခဏခဏပြောင်းပြီး မသုံးသင့်ပါဘူး။ အဆင်ပြေပါစေဗျာ။



NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment