♪ သင့် ချစ်သူ ဖောက်ပြန်နေသလားဆိုတာကို ခြေရာခံပေးမယ့် App ♫


အင်တာနက်မှာ သင် ထင်မထားမိတဲ့ အရာများစွာ ရှိနေပါတယ်။ အိမ်ထောင်ရေး ဖောက်ပြန်တဲ့ Ashley Madison လို ၀န်ဆောင်မှုတွေတောင် ပေါ်ပေါက်နေပါပြီ။ အခုတော့ Messenger , Dating App များလို ဒစ်ဂျစ်တယ် နည်းလမ်းများဖြင့် သင့် ချစ်သူ ဖောက်ပြန်နေသလားဆိုတာကို ခြေရာခံပေးမယ့် Web Application or ၀က်ဆိုက် တစ်ခု ပေါ်ထွက်လာပါတယ်။ သူ့ရဲ့ အမည်ကတော့ Swipe Buster ဖြစ်ပြီး သင့် ချစ်သူ၊ အိမ်ထောက်ဖက်ဟာ နာမည်ကျော် Dating App တစ်ခုဖြစ်တဲ့ Tinder မှာ ခြေရှုပ်နေသလား ဆိုတာကို သူက တွက်ချက်ပေးနိုင်ပါတယ်။

Swipe Buster က Tinder ရဲ့ Database နဲ့ API ကို အသုံးပြု၍ သင့် ချစ်သူကို ခြေရာခံပေး တာ ဖြစ်ပါတယ်။ သူက သင့် ချစ်သူကို Tinder မှာ ခြေရာခံပေးနိုင်တဲ့ အပြင် သင့်ချစ်သူ Tinder မှာ စိတ်ဝင်စားတဲ့ လူများကိုပါ သူက ဖော်ပြပေးနိုင်ပါတယ်။ ဒီဝန်ဆောင်မှုကို အသုံးပြုဖို့ ၆.၉၉ ဒေါ်လာ အသုံးပြုရမှာ ဖြစ်ပါတယ်။

သင့် ချစ်သူကို ခြေရာခံတဲ့ အခါမှာ ၀က်ဆိုက်က သင့်ရဲ့ သတင်းအချက်အလက်များကို ဖုံးကွယ်ပေး ထားမှာ ဖြစ်ပါတယ်။ Swipe Buster ကို ဖန်တီးသူများက သူတို့ဟာ Tinder ရဲ့ Public API ကိုသာ အသုံးပြုတဲ့အတွက် သတင်းအချက်အလက်များကို တရားမ၀င် အသုံးပြုခြင်း မရှိဘူးလို့ ပြောပါတယ်။



Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment