♪ ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်မှုရှိမယ့် စမတ်ဖုန်းအသစ် - “Xiaomi Mi 5X” Price » 329,500 Ks ♫

Image may contain: phone

မကြာမီဈေးကွက်ထဲကို ရောက်ရှိလာတော့မယ့် Xiaomi Mi 5X ဟာ အရည်အသွေးပြည့်ဝတဲ့ အဆင့်မြင့် စမတ်ဖုန်း တစ်လုံးဖြစ်ပြီး ဈေးနှုန်း ကလည်း အလယ်အလတ်တန်းစားလောက်ပဲရှိပါတယ်။ ဒါကြောင့် mid-range စမတ်ဖုန်းအမျိုးအစားဖြစ် ပေမယ့် ထောက်ပံ့ပေးထားတဲ့ Specs တွေနဲ့ Features တွေကလည်း ပေးရတဲ့ ဈေးနှုန်းနဲ့ထိုက်တန်မှုရှိတာကို တွေ့ရပါတယ်။စက်စွမ်းဆောင်ရည်ကောင်းမွန်ခြင်း၊ ဘက်ထရီစွမ်း အားပြည့်ဝခြင်း၊ကင်မရာစွမ်းရည် မြင့်မားခြင်း၊ မျက်နှာပြင်အရည်အသွေး ကောင်းခြင်းတွေ အကုန်လုံး နဲ့ပြည့်စုံပြီး ဒီဇိုင်းပုံစံကလည်း ရိုးရိုးလေးနဲ့ ဆွဲဆောင်မှုရှိပါတယ်။

ကိုယ်ထည်က သတ္တုကိုယ်ထည် ဖြစ်တာကြောင့် ကျစ်လျစ်တောင့်တင်းပြီး အကြမ်းလည်း ခံပါတယ်။ ဘေးထောင့်လေး တွေက အနည်းငယ်ကွေးဆင်းသွားပြီး နောက်ကျောဘက်ကလည်း သစ်လွင်တောက်ပမှုရှိပါတယ်။ အရှေ့မျက်နှာပြင်က ရှင်းလင်းလှပနေပြီး မျက်နှာပြင်ရဲ့အပေါ် ဘက်မှာ အရှေ့ကင်မရာ Lens၊ Screen ရဲ့ အောက်ဘက်မှာ Capacitive button 3 ခုကို မြင်တွေ့ရမှာပါ။ နောက်ကျောဘက် ဘယ်ဘက်ထောင့်နားမှာ အနောက် dual-camera Lens နဲ့ သူ့ ဘေးမှာ LED Flash မီးလုံးကို တပ်ဆင်ထားပါတယ်။ ပါဝါခလုတ် နဲ့အသံအတိုးအကျယ်ခလုတ်တွေအကုန်လုံးက ညာဘက် ဘေးဘောင်မှာရှိပြီး ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်တဲ့ fingerprint sensor က နောက်ကျောဘက်မှာ တည်ရှိပါတယ်။ ၄င်းက ဖုန်းအတွင်းရှိ Data တွေကို လုံခြုံစိတ်ချစွာ ပိတ်ကာထားပေးနိုင်ပြီး ဖုန်းကိုလည်း လျင်မြန်စွာ unlock လုပ်ပေးနိုင်ပါတယ်။ ဖုန်းရဲ့ hardware အစိတ် အပိုင်းတွေအားလုံးကလည်း သူ့နေရာနဲ့သူ သေသေသပ်သပ်ပါ ရှိပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေအားလုံးကို လွယ်လွယ်ကူကူ ထိန်းချုပ် နိုင်ပြီး အသုံးပြုရတာလည်း အဆင်ပြေပါတယ်။

၎င်းကို GSM, CDMA, HSPA နဲ့ LTE networks တွေမှာ အသုံးပြုနိုင်ပြီး Nano SIM card 2 card ကို တစ်ပြိုင်နက်တည်း ထည့်သုံးနိုင်ပါတယ်။ ဖုန်းအရွယ်အစားက 155.4 x 75.8 x 7.3 mm ရှိပြီး အလေးချိန်က 165g လေးပါ တယ်။ ဒါကြောင့် ကိုင်တွယ်သုံးစွဲလို့ကောင်းတဲ့ အနေတော် အရွယ်အစားနဲ့အလေးချိန်ပါပဲ။ အရှေ့မျက်နှာပြင်အကျယ်က ၅ လက်မခွဲ ရှိပြီး 1080 x 1920 pixels ရှိတဲ့ full HD အရည်အသွေးမီမြင်ကွင်း တွေကိုပေးစွမ်းနိုင်ပါတယ်။ ၄င်းမျက်နှာပြင်ကိုတော့ LTPS IPS LCD capacitive touchscreen display နဲ့ပြုလုပ်ထားပါတယ်။ ဒါကြောင့် ကြည်လင်ပြတ်သားတဲ့ပုံရိပ်တွေ ကို ရရှိနိုင်မှာမို့ ရုပ်ရှင်တွေ၊ ဗီဒီယို တွေကြည့်ရတာ အဆင်ပြေသလို ဂိမ်းကစားလို့လည်း ကောင်းပါတယ်။ ဒါ့အပြင် မျက်နှာပြင်ပေါ်မှာ multitouch စနစ်ကို သုံးစွဲနိုင်ပြီး 2.5 D curved glass နဲ့ပြုလုပ်ထားလို့ ရုပ်လုံးကြွတဲ့ ရုပ်ထွက်မျိုးကို မြင်တွေ့ ရမှာပါ။ အထဲမှာ 7.1.1 (Nougat) ကို run ထားပြီး အသုံးပြုရတာ အဆင်ပြေတဲ့ MIUI 9 User Interface နဲ့ပြုလုပ်ပေးထားပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေကို ထိန်းချုပ်ရတာ အဆင်ပြေမှာပါ။ အနောက်ကင်မရာက Dual 12 MP (26mm, f/2.2; 50mm, f/2.6) စွမ်းအားတွေကို ပေးစွမ်းနိုင်လို့ အကောင်းဆုံးဓာတ်ပုံတွေနဲ့ 30fps မှာ 2160p အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပါတယ်။ အရှေ့ ကင်မရာ ကတော့ 5MP သာပါရှိတဲ့အတွက် အသင့်အတင့်ကောင်းမွန်တဲ့ Selfie ဓာတ်ပုံတွေနဲ့ 1080p ဗီဒီယိုတွေကို ရိုက်ယူနိုင်မှာပါ။

ဖုန်းထဲမှာ data တွေကို သိမ်းဆည်းဖို့အတွက် internal memory 32GB နဲ့ 64 GB ပါရှိတဲ့ version နှစ်မျိုး ကို ထုတ်လုပ်ထားပြီး ၎င်း version နှစ်မျိုးလုံးမှာ Micro SD card ကို 128 GB အထိ ထပ်မံစိုက်ထည့်သုံးနိုင် ပါတယ်။ ယာယီ မှတ်ဥာဏ်စွမ်းအား RAM က 4GB တောင် ပါရှိပါတယ်။ စက်စွမ်းဆောင်ရည်ပိုင်းအတွက်လည်း တန်းဝင်အဆင့်ပဏာမရှိတဲ့ အဆင့်မြင့် chipset နဲ့ Processor တို့ကို ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ ဒါကြောင့် လုပ်ဆောင်ချက်တွေကိုလည်း လျင်မြန်စွာ စွမ်းဆောင်ပေးနိုင်ပြီး Typing ရိုက်ရတာလည်း မြန်ဆန်မှုရှိပါတယ်။ ၄င်းမှာ 2.0 Type-C 1.0 reversible connector နဲ့ Bluetooth 4.2 A2DP နဲ့ LE စနစ်တွေကိုပံ့ပိုးပေးထားပါတယ်။ ဒါ့အပြင် FM Radio စနစ်ကိုလည်း အသုံးပြုနိုင်သလို အသံစွမ်းရည်ကောင်းမွန်တဲ့ စပီကာ စနစ်တွေကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။

<Design & Display>

၎င်းရဲ့ဒီဇိုင်းပုံစံက တခြား Android ဖုန်းတွေနဲ့ဘာမှသိပ်မကွာခြားဘဲ ရိုးရိုးလေးနဲ့ မျက်စိထဲမှာ ဆွဲဆောင်မှုရှိနေမှာပါ။ ၎င်းကို Black, Gold နဲ့ Rose Gold ဆိုတဲ့ အရောင် ၃ မျိုးထုတ်လုပ်ထားပါတယ်။ ၎င်းရဲ့ LTPS IPS LCD capacitive touchscreen display က ၁ လက်မအတိုင်း အတာမှာ ~403 ppi pixels ပမာဏ သိပ်သည်းဆရှိတဲ့ မြင်ကွင်းတွေ ကိုပြသ နိုင်မှာပါ။

<Camera>

Dual 12 MP စွမ်းအားရှိတဲ့ အနောက်ကင်မရာမှာ phase detection autofocus, 2x optical zoom, dual-LED (dual tone) flash စနစ်တွေ ပါရှိတာကြောင့် အလင်းရောင်အားနည်းတဲ့ နေရာတွေမှာလည်း အကောင်းဆုံး ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေကို ရယူနိုင်ပြီး အရှေ့ကင်မရာ ကတော့ 5MP ပါရှိပါတယ်။

<Processor>

ကိုယ်ထည်ထဲမှာ Qualcomm MSM8953 Snap dragon 625 chipset နဲ့ Octa-core 2.0 GHz Cortex-A53 Processor တို့ကဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ပေးထားသလို Adreno 506 GPU လည်း ပါရှိတာ ကြောင့် ရုပ်ထွက်တွေလည်း ကောင်းမွန်ပါတယ်။

<Performance>

၎င်းက ဖုန်းလိုင်းဆွဲအားကောင်းပြီး အင်တာနက် အသုံးပြုရတာလည်း လျင်မြန်မှုရှိတဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပြီး မြင့်မားတဲ့စက် စွမ်းဆောင်ရည်ကြောင့် Web Browsing လုပ်တာတွေ၊ ဂိမ်းကစားတာ တွေစတဲ့ လုပ်ဆောင်ချက်ကို တစ်ခုကနေတစ်ခုလျင်မြန်စွာ ကူးပြောင်း လုပ်ဆောင်နိုင်ပါတယ်။

<Battery Life>

အသုံးပြုထားတဲ့ Non-Removable Li-Ion 3080 mAh battery က ပြည့်ဝတဲ့ ဘက်ထရီစွမ်းအားကိုပေးစွမ်းပြီး ဖုန်းကိုအချိန်ကြာမြင့်စွာ သုံးစွဲနိုင်ပါမယ်။ Fast battery charging စနစ်ပါရှိလို့ ဖုန်းအားသွင်းရ တာလည်း မြန်ဆန်မှုရှိပါတယ်။

<Technical Specs>

» Network............................. GSM/CDMA/HSPA/LTE
» Dimensions......................... 155.4 x 75.8 x 7.3 mm
» Weight................................ 165g
» Display................................ 5.5-inch, Capacitive
Touchscreen
» OS....................................... Android 7.1.1 (Nougat)
» CPU.................................... Octa-core 2.0 GHz Cortex-
A53
» Memory.............................. 32GB/64GB, 4GB RAM
» Camera............................... Back : Dual 12 MP, Front :
5MP
» Connectivity........................ GSM, WLAN, Bluetooth 4.1,
USB 2.0
» Sensors.............................. Fingerprint, accelerometer,
gyro,proximity,compass
» Battery............................... Non-removable Li-Ion 3080
mAh

Price » 329,500 Ks
Contact » 01-377259 (Eastern-Computer & Mobile)



Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment