♪ အနာဂတ်ထုတ် Google Phone များက နှလုံးရောဂါကို ထောက်လှမ်းပေးနိုင်မည် ♫


Google က စမတ်ဖုန်းများအတွက် ကျန်းမာရေးကို ထောက်လှမ်းပေးတဲ့ Apps များကို ဖန်တီးနေတဲ့ ကုမ္ပဏီငယ်တစ်ခုကို ၀ယ်ယူခြင်းဖြင့် သူ့ရဲ့ နည်းပညာ အခြေပြု ကျန်းမာရေး စောင့်ရှောက်ရေး ၀န်ဆောင်မှုကို အရှိန်မြှင့်လိုက်ပါတယ်။ ဆီရေတယ် အခြေစိုက် Senosis ကုမ္ပဏီကို ၀ါရှင်တန် တက္ကသိုလ်မှ ကွန်ပြူတာ သိပ္ပံနဲ့ အီလက်ထရစ် အင်ဂျင်နီယာ ပါမောက္ခ တစ်ဦး ဖြစ်တဲ့ Shwetak Patel က တည်ထောင်ထားခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဖုန်းမှ Sensors များကို အသုံးပြု၍ ကျန်းမာရေးကို စစ်ဆေးပေးတဲ့ Apps များကို တီထွင်နေပါတယ်။

အဲဒီအထဲမှ တစ်ခုမှာ BiliCam App ဖြစ်ပြီး သူက မွေးစ ကလေးငယ်များ အသားဝါဖြစ်ခြင်းကို စစ်ဆေးပေးပါတယ်။ အဲဒီ App ဟာ အရေပြားကနေ စုပ်ယူလိုက်တဲ့ အလင်းလှိုင်းများကို တွက်ချက်ခြင်းဖြင့် သွေးထဲမှ အသားဝါ ဖြစ်စေတဲ့ Bilirubin Compound ပမာဏကို သိရှိအောင် စမတ်ဖုန်း ကင်မရာနဲ့ Flash ကို အသုံးပြုပါတယ်။

ကုမ္ပဏီရဲ့ HemaApp က သွေးထဲမှ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပမာဏကို တိုင်းတာပေးပါတယ်။ ဟေမိုဂလိုဘင်ကို တိကျစွာ တိုင်းတာပေးခြင်းဖြင့် သွေးအားနည်းခြင်း၊ နှလုံးရောဂါ အပါအ၀င် ကျန်းမာရေး အခြေအနေများစွာကို သိနိုင်ပါတယ်။ ကင်မရာ သာမက မိုက်ကရိုဖုန်းကနေ လူရဲ့ အသက်ရှူနှုန်းကို တိုင်းတာပေးတဲ့ SpiroSmart App ကိုလည်း ကုမ္ပဏီက တီထွင်ထားပါတယ်။ ဒီလို အသက်ရှူနှုန်းကို တိုင်းတာခြင်းဖြင့် နှလုံးရောဂါနဲ့ ပန်းနာရင်ကျပ် ရောဂါလို ဝေဒနာများကို ထောက်လှမ်းနိုင် ပါတယ်။

Google က ဒစ်ဂျစ်တယ် ကျန်းမာရေး စောင့်ရှောက်မှု အဖြစ် ကိုယ်လက်လှုပ်ရှားမှုများကို တိုင်းတာပေးတဲ့ Google Fit အပြင် သူ့ရဲ့ မိခင် ကုမ္ပဏီ Alphabet လက်အောက်မှာလည်း ကျန်းမာရေး အထောက်အကူပြု နည်းပညာ ဌာနများကို တည်ထောင်ထားပါတယ်။




Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment