♪ " GFXBench မှ ဖော်ပြခဲ့တဲ့ Samsung Galaxy C7 (2017) " ♫

Image may contain: phone

Samsung Galaxy C7 (2017) ကို Geekbench database မှာ ပြီးခဲ့တဲ့ရက်အနည်းငယ်ကပဲ ဖော်ပြခဲ့ပါတယ်။ GFXBench benchmarking database မှာ ဖော်ပြထားချက်အရ မော်ဒယ်နံပါတ် SM-C7100 နဲ့ စာရင်းဝင် ထားတာကို တွေ့ရပါတယ်။ GFXBench စာရင်းမှာ Galaxy C7 (2017) ရဲ့လုပ်ဆောင်ချက်တွေကိုလည်း ဖော်ပြထားပြီး အရှေ့ပိုင်းမှာ ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေနဲ့ အတူတူပါပဲ။

benchmark မှာ ဖော်ပြချက်အရတော့ Galaxy C7 (2017) မှာ octa-core MediaTek Helio P20 (သို့မဟုတ်) 2.3GHz speed နဲ့ MT6757 SoC ကို အသုံးပြုမယ်လို့ သိရပါတယ်။ 3GB RAM နဲ့ 32GB storage ပါဝင်ပြီး STORAGE မှာ micro SD card ကိုအသုံးပြုပြီး တိုးချဲ့နိုင်ပါတယ်။ Android 7.1.1 Nougat OS ကိုအသုံးပြုထားပြီး high-end အတွက် ရည်ရွယ်တဲ့ ဒီ Samsung စမတ်ဖုန်းသစ်မှာ 4GB RAM နဲ့ 64GB storage ကိုလည်း အသုံးပြုမယ်လို့ ခန့်မှန်းရပါတယ်။ 

Samsung Galaxy C7 2017 နဲ့ပတ်သက်ပြီး တောင်ကိုရီးယားက နည်းပညာသမားတွေက အနောက်ဘက်မှာ dual camera ပါဝင်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် GFXBench ရဲ့စာရင်းအရ အနောက်ဘက်မှာ 12MP ကင်မရာပါဝင်တယ်လို့ပဲ ဖော်ပြထားပါတယ်။ Galaxy C7 (2017) ရဲ့ တစ်ခြားလုပ်ဆောင်ချက်တွေအနေနဲ့ 5.5 လက်မ FHD 1080p display ပါဝင်မယ်လို့ သိရပြီး 15MP အရှေ့ကင်မရာပါဝင်တယ်လို့ သိရပါတယ်။

Samsung Galaxy C7 (2017) မှာ Wi-Fi ၊ Bluetooth SIG တို့ပါဝင်ပြီး TENAA မှာလည်း စာရင်းဝင်ပြီးပြီဖြစ်လို့ မကြာခင်လပိုင်းအတွင်း မိတ်ဆက်ဖွယ်ရှိနေပါတယ်။ ဒီကြားထဲမှာ နောက်ထပ်အတည်ပြု ဝက်ဘ်ဆိုက်တော်တော် များများကနေ Galaxy C7 (2017) နဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထပ်ပြီးထွက်လာဦးမှာပါပဲ။ ကုမ္ပဏီက တကယ်တမ်းမိတ်ဆက်ချိန်မှာ ဘယ်လိုအချက်အလက်တွေ ပြောင်းလဲဦးမယ်ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါပဲ။

# www.gizbot.com

သံစဉ်ချို

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment