♪ Windows 10 မှာ Automatic Repair Loop ကိုဖြေရှင်းနည်း ♫


Windows 10 မှာ boot မတက်ဘဲ Automatic Repair ဆိုတဲ့ message ကို မြင်နေရတယ်ဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းဖြစ်ပါတယ်။ Windows ကို စနစ်တကျနဲ့ shutdown မလုပ်ဘဲ အလွယ်တကူ ပိတ်ပစ်ခြင်း power ပြတ်တောက် သွားတဲ့အတွက် Windows စနစ်ကျသွားခြင်း မကြာခဏ ကြုံရတယ်ဆိုရင် အဆိုပါ ပြဿနာ ကို ကြုံတွေ့နိုင်ပါတယ်။

Automatic Repair ဆိုပြီးပြနေပြီဆိုရင် Windows system disk တစ်ခုခု နဲ့ boot တက်လိုက်ပါ။ ပြီးရင် Advanced Startup screen မှာ Troubleshoot ဆိုတာကိုရွေးပါ။ နောက်တစ်ဆင့်က Advanced options ဆိုတာကိုရွေးပေးရပါမယ်။ Advanced options အောက်ကမှ Command Prompt ဆိုတာကို ရွေးပြီး အောက်က command တွေကို တစ်ခုချင်းစီရိုက်ထည့်ပါ။ အသုံးပြုရမယ့် command တွေကတော့ –
bootrec.exe /rebuildbcd
bootrec.exe /fixmbr
bootrec.exe /fixboot
bootrec.exe /chkdsk /r c:
ဆိုတဲ့ command တွေပဲဖြစ်ပါတယ်။ ပြီးသွားရင် ကွန်ပျူတာကို reboot ပြုလုပ်ပြီး ပုံမှန် Windows ပြန်ပြီး boot တက်တယ်ဆိုရင် အဆိုပါ ပြဿနာကိုဖြေရှင်းပြီးပြီ ဖြစ်ပါတယ်။
 
 
-သီဟ
Credit to ==> Internet Journal




<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment