♪ Android နဲ့ iPad Tablet အဟောင်းများကို အသုံးချနည်း (၉) ခု ♫


သင့်မှာ မသုံးဖြစ်တော့တဲ့ တက်ဘလက် အဟောင်းများ ရှိနေနိုင်ပါတယ်။ အဲဒီ တက်ဘလက် များကို နေအိမ်မှာ ချောင်ထိုးထားမယ့် အစား နေ့စဉ် လူနေမှုဘ၀ရဲ့ ကဏ္ဍမျိုးစုံမှာ အသုံးချနိုင်ပါတယ်။

၁။ အွန်လိုင်း မီဒီယာများ ကြည့်ရှု နားဆင်ပါ။
Android နဲ့ iOS တို့အတွက် Media Streaming App များစွာ ရှိပါတယ်။ သင့်ရဲ့ တက်ဘလက် အဟောင်းမှာ အဲဒီ App များကို အင်စတောလုပ်ပြီး အွန်လိုင်းမှ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းများကို နားဆင် ကြည့်ရှုနိုင်ပါတယ်။

၂။ Remote လို သုံးပါ။
Android , iOS Devices များကို သင့်ရဲ့ စမတ် တီဗီ၊ အဲကွန်း၊ ရေခဲသေတ္တာများအတွက် Remote လို သုံးနိုင်တယ်ဆိုတာ လူသိပ်မသိကြပါဘူး။ ဒီလို သုံးနိုင်ဖို့ Android , iOS တို့အတွက် Smart Remote Apps များစွာ ရှိပါတယ်။

၃။ Second Computer Monitor လို သုံးပါ။
သင့်ရဲ့ ကွန်ပြူတာနဲ့ တက်ဘလက် အဟောင်းကို ကြိုးများ၊ Apps များနဲ့ ချိတ်ဆက်ပြီးရင် တက်ဘလက်ကို ဒုတိယ ကွန်ပြူတာ မော်နီတာလို အသုံးပြုနိုင်ပါတယ်။

၎။ ဂိမ်းစက်လို သုံးပါ။

Android , iOS တို့အတွက် စွမ်းဆောင်ရည်မြင့် ဂိမ်းများစွာ ရှိပြီး နေ့စဉ်နဲ့အမျှ တိုးတက်များပြားလာ ပါတယ်။ အဲဒီအတွက် သင့်ရဲ့ တက်ဘလက် အဟောင်းကို စွမ်းရည်မြင့် ဂိမ်းစက် အဖြစ် အသုံးချနိုင်ပါတယ်။

၅။ စမတ် နေအိမ် ကိရိယာများကို ထိန်းချုပ်ပါ။
ဒီနေ့ခေတ်မှာ အင်တာနက် ချိတ်ဆက်နိုင်တဲ့ တီဗီ၊ ရေခဲသေတ္တာ၊ အဲကွန်း၊ မီးသီး၊ တံခါး စတဲ့ စမတ်နေအိမ် ကိရိယာများစွာ ထွက်ပေါ်လာပါပြီ။ အဲဒီ ကိရိယာများရဲ့ ဈေးနှုန်းကလည်း ကျဆင်းလာပြီ ဖြစ်တဲ့အတွက် သင့် နေအိမ်ကို ရောက်ရှိလာတော့မှာပါ။ အဲဒီ ကိရိယာများကို ထိန်းချုပ်ဖို့အတွက် သင့်ရဲ့ တက်ဘလက် အဟောင်းများကို အသုံးပြုနိုင်ပါတယ်။

၆။ လုံခြုံရေး ကင်မရာလို သုံးပါ။

သင့် တက်ဘလက် အဟောင်းမှာ ကင်မရာ ပါတဲ့အတွက် သူ့ကို နေအိမ် လုံခြုံရေး ကင်မရာ အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ သင့် နေအိမ်ရဲ့ တစ်နေရာမှာ တက်ဘလက်ကို တပ်ဆင်ထားပြီး အင်တာနက် ချိတ်ဆက်ထားရမှာပါ။ သင့်ရဲ့ စမတ်ဖုန်းနဲ့ တက်ဘလက်မှာ App များ ထည့်သွင်းပြီး တက်ဘလက်မှ ကင်မရာ မြင်ကွင်းကို ဖုန်းကနေ အချိန်ပြည့် ကြည့်ရှုစစ်ဆေးနိုင်ပါတယ်။

၇။ Mini TV အဖြစ် သုံးပါ။
တီဗီရုပ်သံလိုင်းများကို အွန်လိုင်းကနေလည်း ထုတ်လွှင့်လာကြပါပြီ။ အဲဒီအတွက် သင့် တက်ဘလက် အဟောင်းကနေ တီဗီ ရုပ်သံလိုင်းများကို ကြည့်ရှုနိုင်ပါပြီ။

၈။ Ebook Reader လို သုံးပါ။

ဒီနေ့ခေတ်မှာ စာအုပ်များ အစား Ebook များကို အသုံးပြုလာကြပါပြီ။ တက်ဘလက်အတွက် Ebook Reader များစွာ ရှိပြီး တက်ဘလက်ကနေ စာအုပ်များစွာကို ဖတ်ရှုနိုင်ပါတယ်။

၉။ Storage Device အဖြစ် သုံးပါ။
သင့် တက်ဘလက် အဟောင်းများမှာ Internal Storage နဲ့ External Storage များ ပါပါတယ်။ သင့်ရဲ့ ဓါတ်ပုံ၊ ဗီဒီယို၊ ရုပ်ရှင် အပါအ၀င် ဖိုင်များကို တက်ဘလက် အဟောင်းမှာ သိမ်းဆည်းထားနိုင်ပါတယ်။


Credit to ==> Digital Times





<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment