♪ Samsung Galaxy S8 နဲ့ Xiaomi Mi 6 ကို နှိုင်းယှဉ်သုံးသပ်ကြည့်ခြင်း ♫


Galaxy S8 နဲ့ Mi 6 ဟာ Samsung နဲ့ Xiaomi တို့ရဲ့ အကောင်းဆုံး စမတ်ဖုန်းများ ဖြစ်ပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာ S8(64GB) ရဲ့ ဈေးနှုန်းဟာ ၁၀ သိန်း ၅ သောင်း ၀န်းကျင်ရှိပြီး Mi 6 (64GB )ကတော့ ၅ သိန်း ၅ သောင်း ၀န်းကျင်သာရှိတဲ့အတွက် ထက်ဝက်ခန့် ဈေးကွာခြားပါတယ်။ Specifications များကတော့ သိပ်ကွာခြားမှု မရှိတဲ့အတွက် တန်ဖိုးကြီးတဲ့ S8 ဟာ ရွေးချယ်သင့်ရဲ့လား ? S8 ရဲ့ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ စွမ်းရည်များက ဒီဈေးကို ပေးဖို့ တန်ရဲ့လား ? အဲဒီ မေးခွန်းတွေရဲ့ အဖြေကို ဒီ Comparison မှာ သင်ရှာတွေ့နိုင်ပါတယ်။

S8 နဲ့ Mi 6 တို့မှာ လှပတဲ့ မျက်နှာပြင်များ တပ်ဆင်ထားပါတယ်။ S8 မှာ 18.5:9 Aspect Ratio ပါတဲ့ ၅.၈ လက်မ Infinity Display နဲ့ Mi 6 မှာ သမားရိုးကျ 16:9 Aspect Ratio ပါတဲ့ ၅.၁၅ လက်မ မျက်နှာပြင်တပ်ဆင်ထားပါတယ်။ အဲဒီအတွက် S8 က Mi 6 ထက် အရွယ်အစား ပိုမို ကြီးမားပါတယ်။ ဖုန်း ၂ လုံးမှာ Fingerprint Scanner , USB-C များ ပါပေမယ့် S8 မှာ Iris Scanner အပိုပါပါတယ်။ နောက်ထပ် ကွာခြားချက်မှာ အနောက်ကင်မရာ ဖြစ်ပြီး S8 မှာ ၁ လုံးနဲ့ Mi 6 မှာ ၂ လုံး ပါပါတယ်။ ဒီဇိုင်းအပိုင်းမှာ S8 ဟာ Mi 6 ထက် အလွန် ထူးခြားဆန်းသစ်ပါတယ်။ ထွက်ဖူးသမျှ စမတ်ဖုန်းများထဲမှာတောင် S8 က အလှပဆုံးဖြစ်ပါတယ်။

Specifications

Samsung Galaxy S8
S8 ဟာ ၂၀၁၆ ခုနှစ်မှ Note 7 ပေါက်ကွဲမှုကြောင့် သိက္ခာကျခဲ့ရခြင်းကို ပြန်လည် ဖာထေးမယ့် Samsung ရဲ့ မျှော်လင့်ချက်ပါ။ သူ့မှာ Infinity Display အသစ်ကို တပ်ဆင်ထားပါတယ်။ မျက်နှာပြင်ရဲ့ ဘယ်နဲ့ညာဘက်မှာ ဘေးဘောင်များ မပါရှိဘဲ အထက်နဲ့ အောက်မှ ဘေးဘောင်များကိုလည်း အလွန် ပါးလွှာအောင် ဖန်တီးထားတဲ့ ဒီဇိုင်းက ခမ်းနားလှပပါတယ်။ မျက်နှာပြင်ရဲ့ အထက်မှ အလွန်ပါးလွှာတဲ့ ဘောင်မှာ Earpiece, Selfie Camera, Proximity Sensor တို့ကို တပ်ဆင်ထားပါတယ်။ ဒါပေမယ့် မျက်နှာပြင်အောက်မှာတော့ Home Button နဲ့ အခြား ခလုတ်နှစ်ခုကို ဖယ်ရှားထားပြီး On-Screen Buttons များသာ ထည့်ပေးထားပါတယ်။ လက်ဗွေရာ အာရုံခံ ကိရိယာကို အနောက် ကင်မရာရဲ့ ညာဘက်မှာ ရွှေ့ပြောင်း အထိုင်ချထားပါတယ်။

S8 မှာ ၅.၈ လက်မ Super AMOLED Infinity Display တပ်ဆင်ထားပြီး 2960×1440 Resolution ဖြစ်ပါတယ်။ အရှေ့နဲ့ အနောက်ကို Corning Gorilla Glass 5 ဖြင့် ကာကွယ်ထားပါတယ်။ S8 ကို မော်ဒယ် ၂ မျိုးထုတ်လုပ်ပေးထားပါတယ်။ အမေရိကန်မှာ Snapdragon 835 ပါတဲ့ မော်ဒယ်နဲ့ နိုင်ငံတကာမှာ Exynos 8895 ပါတဲ့ မော်ဒယ်တို့ကို ရောင်းချမှာပါ။ 4GB RAM, 64GB Storage, microSD Slot များ ပါပါတယ်။

ဆော့ဖ်ဝဲ အပိုင်းတွင် S8 မှာ Android 7.0 Nougat ထည့်သွင်းထားပြီး Android O ကို အဆင့်မြှင့်နိုင်မယ်လို့ ထင်ရပါတယ်။ Samsung Connect Software ပါပြီး အခြား Samsung Device များနဲ့ ချိတ်ဆက်နိုင်ပါတယ်။ ဒစ်ဂျစ်တယ် ကိုယ်ရေးလက်ထောက် Bixby ပါပါတယ်။ Bixby က အွန်လိုင်းမှာ ရှာဖွေမှုများပြုလုပ်နိုင်တဲ့ အပြင် ဖုန်းကင်မရာကနေ အထင်ကရ အဆောက်အဦးတစ်ခုကို ချိန်ရွယ်လိုက်တာနဲ့ သတင်းအချက်အလက် အသေးစိတ်ကို ပြသပေးပါတယ်။

S8 ရဲ့ အနောက်ဘက်မှာ Dual Pixel 12MP Camera ၁ လုံး တပ်ဆင်ထားပြီး Phase Detection Autofocus , LED Flash, Auto HDR, Optical Image Stabilization များ ပါပါတယ်။ အရှေ့ဘက်မှာ မြင်ကွင်းကျယ် Lens ပါတဲ့ 8MP Autofocus Camera ၁ လုံး ပါပါတယ်။ 3000mAh Battery တပ်ဆင်ထားပြီး Quick Charge 3.0 ပါပါတယ်။ IP68 စံနှုန်းရှိတဲ့အတွက် ရေစိုခံပြီး ဖုန်မ၀င်အောင် ကာကွယ်ပေးပါတယ်။

Xiaomi Mi 6
Xiaomi ဟာ ဒီဇိုင်းလှပမှုကြောင့် နာမည်ကြီးပါတယ်။ Mi 6 ကလည်း ချွင်းချက်မရှိ လှပတဲ့ စမတ်ဖုန်းပါ။ သူ့မှာ ၅.၁၅ လက်မ မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ရေစက်ရေပေါက်များကို ခံနိုင်ပေမယ့် S8 လို ရေစိုမခံပါဘူး။ ဒါ့အပြင် S8 မှာလို SD Card Slot နဲ့ 3.5mm Audio Port မပါပါဘူး။ Mi 6 ရဲ့ အနောက်ဘက်မှာ 2x Optical Zoom ဆွဲနိုင်တဲ့ ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

Mi 6 မှာ ၅.၁၅ လက်မ Full HD 3D Curved Glass Display တပ်ဆင်ထားပြီး S8 ရဲ့ Snapdragon 835 ကိုပဲ ထည့်သွင်းထားပါတယ်။ 6GB RAM ထည့်သွင်းထားပြီး 64GB or 128GB Storage များ ရွေးချယ်နိုင်ပါတယ်။ Fingerprint Scanner မြှပ်နှံထားတဲ့ Physical Home Button ပါပါတယ်။

Mi 6 ရဲ့ အနောက်ဘက်မှာ 12MP Camera , Dual-Tone, Dual-LED Flash တပ်ဆင်ထားပါတယ်။ Blur မဖြစ်ဘဲ တည်ငြိမ်တဲ့ ဓါတ်ပုံများ ဖန်တီးပေးတဲ့ 4-Axis Optical Image Stabilization ပါပါတယ်။ အနောက်ကင်မရာက 4K UHD Video များကို ရိုက်ကူးပေးနိုင်ပေမယ့် အရှေ့ ကင်မရာကတော့ Full HD Video များသာ ရိုက်ကူးပေးနိုင်ပါတယ်။ Mi 6 မှာ 3350mAh Battery ကို အသေတပ်ထားပါတယ်။ Android 7.1 Nougat အခြေပြု MIUI 8.0 ထည့်သွင်းထားပါတယ်။

သုံးသပ်ချက်
S8 နဲ့ Mi 6 တို့ဟာ Specifications များ သိပ်မကွာကြပေမယ့် S8 ဟာ Mi 6 ထက် ဒီဇိုင်း၊ ကင်မရာ စွမ်းရည်နဲ့ ဆော့ဖ်ဝဲ အပိုင်းမှာ သာလွန်ပါတယ်။ ဒါပေမယ့် Mi 6 ကလည်း S8 ရဲ့ စွမ်းရည်များကို မတိမ်းမယိမ်း လိုက်နိုင်ပါတယ်။ အဓိက ကွာခြားချက်မှာ ဈေးနှုန်းနဲ့ ဖုန်းအရွယ်အစား ဖြစ်ပါတယ်။ ဈေးနှုန်းတတ်နိုင်ပြီး အရွယ်ကြီး ဖုန်းလိုချင်ရင်တော့ S8 က ရွေးချယ်စရာပါ။ စွမ်းဆောင်ရည်မြင့်ပြီး ဈေးနှုန်းသက်သာတာကို အလိုရှိသူများအတွက် Mi 6 ကို ညွှန်းလိုက်ပါတယ်။




Credit to ==> DigitalTimes.com.mm






<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment