♪ “Google ရဲ့ အနာဂတ် စမတ်ဖုန်းများက နှလုံးရောဂါနဲ့ အခြားရောဂါများကိုစောင့်ကြည့်ပေးမည်” ♫

Image may contain: one or more people, phone and text

Google က ကိုယ်လက်လှုပ်ရှားမှုကိုတိုင်းတာပေးပြီးကျန်းမာရေးကို စောင့်ရှောက်ပေးတဲ့ Google Fit ပလက်ဖောင်းကိုဖန်တီးထားပါတယ်။ အခုလည်း Google က ဒစ်ဂျစ်တယ် ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာကိုတိုးတက်စေဖို့အတွက် ဆီရေတယ် အခြေစိုက် Senosis Company ကို ၀ယ်ယူလိုက်ပါတယ်။ အဲဒီကုမ္ပဏီဟာဖုန်းမှ Sensors များကိုအသုံးပြု၍ ကျန်းမာရေးကိုစစ်ဆေးပေးတဲ့ Apps များကိုတီထွင်နေ ပါတယ်။ 

Senosis တီထွင်ထားတဲ့ HemaApp က သွေးထဲမှ အောက်ဆီဂျင်ကို သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပမာဏကိုတိုင်းတာပေးပါတယ်။ ဟေမိုဂလိုဘင် ပမာဏကိုတိကျစွာတိုင်းတာပေြး
ခင်းဖြင့် သွေးအားနည်း ခြင်း၊ နှလုံးရောဂါ အပါအ၀င် ကျန်းမာရေးအခြေအနေများစွာကို တွက်ချက်ပေးနိုင်ပါတယ်။ BiliCam App က မွေးစကလေးငယ်များ အသားဝါဖြစ်ခြင်းကိုစစ်ဆေးပေးပါတယ်။ အဲဒီ App ဟာစမတ်ဖုန်း ကင်မရာနဲ့ Flash ကိုအသုံးပြု၍အရေပြားကနေစုပ်ယူလိုက်တဲ့ အလင်း လှိုင်းများကိုတွက်ချက်ခြင်းဖြင့် သွေးထဲမှ အသားဝါ ဖြစ်စေတဲ့ Bilirubin Compound ပမာဏကိုတွက်ချက်ပေးပါတယ်။ 

ကုမ္ပဏီကကင်မရာအပြင် မိုက်ကရိုဖုန်းကနေလူရဲ့ အသက်ရှူနှုန်းကို တိုင်းတာပေးတဲ့ SpiroSmart App ကိုလည်းတီထွင်ထားပါတယ်။နှလံ
ုး ရောဂါနဲ့ ပန်းနာရင်ကျပ် ရောဂါလို ဝေဒနာများကို ထောက်လှမ်းရာမှာ အသက်ရှုနှုန်းကိုအသုံးပြုပါတယ်။ Senosis ကိုဝယ်ယူခြင်းဖြင့် Google ရဲ့ အနာဂတ်ထုတ် စမတ်ဖုန်းများ ဟာ နှလုံးရောဂါနဲ့ အခြားရောဂါများ ကိုအချိန်နဲ့တစ်ပြေးညီတွက်ချက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ 
 
 

Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment