♪ " အင်တာနက်နှေးတဲ့ နိုင်ငံများအတွက် Search Lite App ကို Google စမ်းသပ်နေ " ♫

Image may contain: indoor

Google က အင်တာနက်နှေးတဲ့နိုင်ငံများအတွက် ပေါ့ပါးသွက်လက်တဲ့ Search App ကို စမ်းသပ်နေတယ်လို့ Android Police က ရေးသားထားပါတယ်။ အဲဒီ App ကို လက်ရှိမှာ အင်ဒိုနီးရှား Play Store မှာသာ ဖြန့်ချိပေးထားပါတယ်။ Search Lite ဟာ မူလ Search App လောက် ဒေတာများစွာ မစားသုံးတဲ့ဗားရှင်းဖြစ်ပါတယ်။ 

စာရိုက်ခြင်း၊ပါးစပ်ဖြင့်ပြောခြင်းဖြင့် Search Lite App မှာ ရှာဖွေမှုများ ပြုလုပ် နိုင်ပါတယ်။ သူ့မှာဘာသာပြန်ပေးတဲ့ စွမ်းဆောင်ချက်လည်းပါပါတယ်။ Google News ကဏ္ဍနဲ့ ရာသီဥတု၊ စီးပွားရေးတို့လို ဒေသတွင်း သတင်းအချက်အလက် များကို လည်း သူကပြသပေးထားမှာဖြစ်ပါတယ်။ မူလ Search App ကို Search Bar က နေအသုံးပြုနိုင်ပေမယ့် Animations များနဲ့ ဓါတ်ပုံများစွာကို ပြသပေးတဲ့အတွက်အင် တာနက်လိုင်းကောင်းမှ အဆင်ပြေပါတယ်။ Search Lite App မှတော့ ဓာတ်ပုံများနဲ့ Animations များကို ဖျောက်ထားပြီး အဲဒီအစားအိုင်ကွန်များဖြင့် သတင်းအချက်အလက်များ ကို ပြသပေးထားပါ တယ်။ အဲဒီဒီဇိုင်းဟာ Home Screen မှာ Apps များကို ပြသထားတဲ့ ဒီဇိုင်းနဲ့ ဆင်တူပါတယ်။ Search Lite ဟာ ဒေတာစားသုံးမှုနည်းပါးတဲ့ YouTube Go နဲ့ဆင်တူပါတယ်။

You Tube Go ကို ယခင်နှစ်က အိန္ဒိယမှာ စတင်စမ်းသပ်ခဲ့ပြီးယခုနှစ်ထဲမှာ ပိုမိုကျယ်ပြန့်စွာဖြန့်ချိပေးခဲ့ပါတယ်။ Google က ဒေတာစားသုံးမှုနည်းပါးတဲ့ Android Go OSကို လည်းဖန်တီးနေပါတယ်။ Android Go ကို ကုမ္ပဏီက ယခုနှစ် I/O Developer Conference မှာ ကြေညာခဲ့ခြင်းဖြစ်ပါတယ်။


NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal







<<<
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
>>>



 
 
 
 
 www.pyaephyo.com



0 comments:

Post a Comment