Android ဖုန်းအသုံးပြုနေရာကနေ iOS ဖုန်းပြောင်းသုံးသူတွေအတွက် Android ဖုန်းထဲက အချက်အလက်တွေကို iOS ဖုန်းသစ်ထဲ အလွယ်တကူ ကူးယူရွှေ့ပြောင်းနိုင်ဖို့အ တွက်
Move to iOS ကို အသုံးပြုနိုင်ပါတယ်။ Android device ထဲမှာ Move to iOS
app ကို ထည့်ထားပြီး အဲဒီထဲမှာရှိတဲ့ content တွေကို iOS device တွေဆီ
အလိုအလျောက် လုံခြုံစိတ်ချစွာ ကူးယူရွှေ့ပြောင်းနိုင်ပါတယ် ။
ဘယ်လို content တွေကိုမဆို ကူးယူရွှေ့ပြောင်းနိုင်ပြီး မကူးယူခင်မှာလည်း အဲဒီ content တွေကို အခြားနေရာတစ်ခုခုမှာ save လုပ်ထားစရာ မလိုပါဘူး။ Contact တွေ၊ Message history တွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ Web bookmarks တွေ၊ Mail account တွေ၊ Calender တွေကို စိတ်ချစွာ ကူးယူရွှေ့ပြောင်းနိုင်မှာ ဖြစ်ပါတယ်။ အချက်အလက်တွေကို ရွှေ့ဖို့ ရွေးချယ်လိုက်တာနဲ့ သင့်ရဲ့ iPhone/iPad သစ်က private Wi-Fi network ဖန်တီးပြီး အနီးအနားက Move to iOS အသုံးပြုထားတဲ့ Android device ကို ရှာဖွေပါတယ်။
Security code ရိုက်ထည့်လိုက်တာနဲ့ တစ်ပြိုင်နက် အချက်အလက်တွေကို သင့်တော်တဲ့နေရာဆီ ကူးယူပေးမှာပါ။ သင်အသုံးပြုနေတဲ့ default mail account ကိုလည်း set up လုပ်ပေးပါတယ်။ Android 4.0 နဲ့အထက်တွေမှာ အသုံးပြုနိုင်ပါတယ်။
NetGuide Journal (Every Wednesday)
https://www.facebook.com/ officialnetguidejournal

https://www.facebook.com/

0 comments:
Post a Comment