Friday, August 11, 2017
Pyae Phyo (MMiTD)

ဗြိတိန် မော်ဒယ် တစ်ဦးဟာသြဂုတ်လ ၁၁ ရက်နေ့မှာဓါတ်ပုံရိုက်ကူးဖို့ အီတလီ နိုင်ငံမီလန်မြို့သို့ သွားရောက်စဉ် ပြန်ပေးဆွဲခြင်းခံခဲ့ရပါတယ်။ အဲဒီနောက်မှာ ပြန်ပေးဆွဲတဲ့ အဖွဲ့ကသူမကိုအွန်လိုင်းမှာ လိင်ကျေးကျွန်
အဖြစ် လေလံတင် ရောင်းချခြင်းခံခဲ့ရပါတယ်။ မော်ဒယ်ဟာအသက် ၂၀
အရွယ်သာရှိသေးပြီး ပြန်ပေးဆွဲတဲ့ အဖွဲ့ကတော့ Black Death ဖြစ်ပါ တယ်။
ပြန်ပေးသမားများကသူမကိုအွန်လိုင်းမှာဒေါ်လာ
၃၀၀,၀၀၀ ( မြန်မာငွေ သိန်း ၄၀၀၀ ) ဖြင့် ရောင်းဖို့ ကြိုးစားခဲ့ပါတယ်။
ပြန်ပေးသမားများကသူမ ကိုဆေးခတ်ပြီးနောက် အိတ်တစ်လုံးထဲထည့်၍ ကားတစ်စီးဖြင့်
Turin အနောက်မြောက်ဘက် Borgial ရှိနေအိမ်တစ်လုံးထံသို့ခေါ်ဆောင်သွားခဲ့ ပါတယ်။ သူမကို အဲဒီနေအိမ်မှာ ၆ ရက်ကြာထိန်းသိမ်းထားခဲ့ပြီးအွန်လိုင်း မှာလိင်ကျေးကျွန်အဖြစ် ရောင်းစားဖို့ ကြော်ငြာခဲ့ ပါတယ်။
ပြန်ပေးသမားများဟာသူမမှာအသက် နှစ်နှစ်အရွယ် ကလေးငယ် ရှိသေးတယ်ဆိုတာကိုသိပြီးနောက်မှာ သူမကိုလွှတ်ပေးလိုက်တာလို့ ပြောကြပါတယ်။ အဲဒီအမှုနဲ့ပတ်သက်ပြီးအီတလီ၊ ပိုလန်နဲ့ ဗြိတိန် တို့မှာ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ရဲများက ပြန်ပေးဆွဲ သူများထဲမှ
တစ်ယောက်ဖြစ်တယ် လို့ ယူဆရတဲ့ ပိုလန်နိုင်ငံသား Lukasz Herbaကို
ပြန်ပေးဆွဲမှုဖြင့် ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။
Mobile Guide Journal (Every Monday)
https://www.facebook.com/officialmobileguidejournal
အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။
www.pyaephyo.com
0 comments:
Post a Comment